1?

234 28 2
                                    

Zawgyi

ကျမ်းချန် တယောက် ပျင်းတာနဲ့
နန်းတော် အပြင်ထွက်ဖို့
ဆုံးဖြတ်လိုက်ကာ မိမိအဆောင်ရှေ့မှ
အစောင့်တေကို အိပ်ငွေ့ချလိုက်သည်...

သူက ဘသူမို့လို့လဲ အိမ်မက်မိစ္ဆာပဲလေ...

ကျမ်းချန် အစောင့်တေ အိပ်ပျော်သွားမှ
ဘသူမှမသိအောင် လေ၏အလျင်နဲ့
နန်းတော် အပြင်သို့ ခုံပျံကျော်လွှားကာ
ထွက်လာလိုက်သည်...

အစောင့်တေ တန်းလန်းတန်းလန်းနဲ့
အပြင်ထွက်ရတာဟာ မလွတ်လပ်သလို
ကလေးတေဆော့တဲ့ ရထားကြီးပူးပေါ်
ဂျူံးးဂျူံးဂျက်ဂျက်လို အတန်းလိုက်ကြီး
ဖြစ်နေတာမို့ ခိုးထွက်လာခြင်း...

ကျမ်းချန် အတွေးတို့ကိုရပ်ကာ
ဟိုတစုဒီတစုနှင့် ကိုယ့်အလုပ်ကိုယ်
လုပ်နေကြသော မိစ္ဆာတေကြားမှ
ဖြတ်လို့ သူသွားနေကျ တိုင်းပြည်ရဲ့
နယ်နမိတ်အဆက်နားက ကြာကန်ကြီး
ဆီသို့...

ကြာကန်နားရောက်သော်အသင့်
ကန်းစပ်မှာ မိမိထားထားတဲ့
လှေပေါ်တက်လိုက်ကာ စတင်
လှော်ခပ်လို့ ရေလယ်လောက်ရောက်အောင်
လှော်ခပ်လိုက်ပီး ရေလယ်တွင်
လှေကို ရပ်လိုက်ကာ...

ရေထဲသို မိမိရဲ့ လက်များအား
ဝှေ့ရမ်းလိုက်ပီး...

"ကျဲကျဲ နတ်သမီး အချောလေးရေ
ကျနော် အလည်လာတယ်နော်"

နတ်သမီး ကျန်းယမ်လီ မိမိကို
ခေါ်သော မိမိရဲ့မိတ်ဆွေ တဖြစ်
မောင်လေးတယောက် လိုချစ်ရတဲ့
မိစ္ဆာငယ်လေးကြောင့်...

"အားချန် "

ကျမ်းချန် ပြုံးလိုက်မိသည်
သူမရောက်လာတာနဲ့
ကြာပန်းရနံ့သင်သင်းလေးပါ
တဆက်ထဲ ပါလာတာမို့
သဘောကျမိသည်လေ...

ပီးတော့ ကြာဆွယ်စွတ်ပြုတ်လေး
ကို ပိုသဘောကျသည်...

"ကျဲကျဲ ကျနော်က လွမ်းနေတာ"

"ကျဲရဲ့ ကြာဆွယ်စွတ်ပြုတ်လေး
ကိုလား"

"ကျဲကလဲ ဟုတ်တယ် လို့
ဟီးဟီး "

"အင်း မနက်ဖြန်ကျ ထက်လာခဲ့လေ
ကျဲလုပ်ထားပေးမယ် ဒီနေ့တော့
ကြာစေ့စားရင်း စကားပြောကြတာပေါ့"

Quadrille💙💜Where stories live. Discover now