Part - 5

5.2K 605 11
                                    


ထိုနေ့ညကအောက်ထပ်ခန်းလေးထဲမှာ အမှတ်တရတစ်ခုထပ်ဖြစ်ခဲ့တော့သည်။

”သား အဲ့ကောင်လေးက သူငယ်ချင်းမဟုတ်ဘူးမလား”

”ဟုတ်ပါတယ် ”

”မဟုတ်ပါဘူး ”

”အမေ.. အဲ့ဒါ ”

”သားကိုမဆူပါဘူး လူငယ်တွေကိုနားလည်ပါတယ် ဒါပေမဲ့ကောင်လေးကအတော်ငယ်တယ် ပေါ့ပေါ့ပါးပါးတော့သွားကြ၊ သားကသံယောဇဉ်ကြီးကကြီးနဲ့ ”

အမေက ပခုံးကိုဖွဖွပွတ်သပ်အခန်းထဲဝင်သွား၏။အမေပြောတာကိုကောင်းကောင်းနားလည်သည်။Jungkook ကငယ်လွန်းပြီး မင်းသားတစ်ယောက်ပါ။သူရှေ့လျှောက်ဖြတ်သန်းစရာတွေ ၊ ရွေးချယ်စရာတွေ ရှိနေတော့မှာ။ အွန်းဂျယ် ပြောသလိုအများကြီးမတွေးဘဲနေလိုက်ရင်ရော ဖြစ်ရဲ့လား။

သူကျွန်တော့်ကို ချစ်တာမြင်နေရသလို ကျွန်တော်လဲဒီကောင်လေးကိုမှချစ်မိနေပြီ။

”Jungkook မင်း S.G ကိုခဏခဏသွားပြီးဘာတွေလုပ်နေတာလဲ မီနီကိုဂရုစိုက်တယ်မပြောနဲ့ မင်းပုံစံမဟုတ်တာသိတယ်”

”အဖေ မသိချင်ယောင်ဆောင်နေပေးပါ ”

”ဘယ်ရမလဲ Loco ရဲ့ ရှယ်ယာတစ်ဝက်ကငါ့လက်ထဲမှာဆိုတာတစ်ပိုင်း မင်းသားတစ်ယောက်ဖြစ်တဲ့စည်းကမ်းကိုလိုက်နာရမှာက မင်းရဲ့တာဝန်ပဲ  သတင်းထွက်ရင်ငါလိုက်လုပ်ပေးမယ်မထင်နဲ့ ”

”တွဲနေတာ သဘောကျတဲ့သူနဲ့ ”

”Producer Kim လား ငါမသိလောက်ဘူးတော့မထင်နဲ့ မင်းကသဘောကျရင် Loco အတွက်စိတ်ပူစရာမရှိဘူး S.G ရဲ့ CEO ကိုတော့ လျှော့တွက်မနေနဲ့၊ ငြိမ်နေတာအကောင်းတော့မဟုတ်ဘူး ငါ့နာမည်ပျက်အောင်နေရင်တော့ ကိုယ့်လုပ်ရပ်ကိုယ်ရှင်းလွှတ်ထားမှာ မင်းညီမလဲရှိတယ် နှစ်ခါမပြောဘူး ”

”Loco ကိုကိုင်တွယ်ပေးဖို့တစ်ခါတည်းအသိပေးထားတာ ဘယ်သူ့မှမထိခိုက်ချင်ရင်အဖေလဲထိန်းပေးရမယ် မင်းသားဖြစ်လာတာလဲ Producer Kim ကြောင့်ပဲ မဟုတ်ရင် Loco မှာရှိနေမှာမဟုတ်ဘူး”

”မင်းအမေသိရင်မင်းကိုယ်တိုင်ရှင်း ငါကတော့ဖုံးမပေးဘူး ငါ့နာမည်မထိခိုက်တဲ့အထိပဲထိန်းပေးနိုင်တယ် ”

All Too Well (completed)Where stories live. Discover now