Part - 11

4.3K 518 1
                                    

ထိုနေ့ညက Jungkook ကိုအိမ်ပြန်ဖို့အတော်လေးပြောခဲ့ရသည်။
”သီချင်းအကုန်ပြီးဖို့ဘယ်လောက်မှမလိုတော့ဘူး Scott နဲ့ Collab ကျန်တာပဲရှိတယ်”

”Scott က Section B နဲ့ လား ”

”အော Section B နဲ့ သိပ်စကားမပြောချင်ဘူး ”

”စိတ်ထဲမထားပါနဲ့ ”

”နင်နဲ့ Jungkook ပြန်အဆင်ပြေပြီလား ”

”အိမ်ထိလာပြီးချော့သွားတာ ငါတစ်ချက်ထိုးလိုက်တယ် ”

”နင်စိတ်မကောင်းဖြစ်နေပြီမလား ”

”နေမကောင်းတာမသိဘဲငါကထိုးလိုက်မိတာ အဲ့ကောင်လေးကအရူး”

”နေဦး မနက်ဖြန်ပွဲရှိတယ်နော် သေချာလုပ်ခဲ့ ”

”အော?ပွဲလား ငါဘာမှမသိဘူး ”

”CEO ဘာမှခေါ်မပြောဘူးလား Loco ရဲ့ နှစ်ပတ်လည်အခမ်းအနားကို နင်နဲ့ Section B က ပီဒီကိုလွှတ်မှာ ”

Taehyung က တကယ်မသိတဲ့ပုံ​ဖြစ်၏။ သတင်းတွေက အကုန် Comfirm ထားပြီးနေပြီ ၊ CEO က ဘာတွေလုပ်နေတာလဲ။

လူမှုရေးက အရမ်းအဆင်ပြေမနေပေမဲ့အလုပ်သဘောအရသွားရမှာ​ဖြစ်၍ ခေါင်းထဲသိပ်မရှိပါ။ထိုမိန်းကလေးက စကားတစ်လုံးမှမပြောဘဲ မသိသလိုမျိုးကလေးဆန်၏။ကျွန်တော့်ကိုသူ့ဘက်ကပဲလိုလိုလားလားကြည့်မရနေတာ။

Loco ဆိုတော့ Jungkook လဲရှိနေမှာပဲဖြစ်၏။Ent နဲ့အလိုက် ထိုင်နေရာတွေကခွဲထားသည်။Jungkook ကိုလူတွေကြားထဲရှာတော့ အနက်ရောင် Suit နဲ့ စကားပြောနေကာ Rachel Park ဆိုတဲ့မင်းသမီးနဲ့အတူ။
မျက်ခုံးကတော့ အလိုလိုတွန့်ချိုးသွားရ၏။
ကင်မရာတွေရဲ့ အာရုံစိုက်မှုက သူတို့နှစ်ယောက်ဆီမှာအတိအကျ။သတင်းတွေကအတော်လေးထွက်ထားတာမလား။

မနီးမဝေးမှာမို့စကားပြောရင်းကျွန်တော့်ကိုမြင်သွားသည်ထင်။
လှမ်းကြည့်နေတော့၏။ Rachel Park က ကျွန်တော့်ကိုနောက်ခိုင်းထားတာကြောင့် မသိတဲ့သူဆိုရင် Jungkook ကကြည့်နေသလိုပေမဲ့ တကယ်ကကျွန်တော့်မျက်လုံးတွေထဲငေးကြည့်နေတာ။

ဒီကောင်လေး ဘယ်လိုတောင်လဲ။ ဘယ်သူကအဲ့လောက်ကြည့်ခိုင်းလဲ။
ချွေးပါပျံလာတာကြောင့် အရှေ့မှဝိုင်ခွက်ကိုမော့သောက်လိုက်ချိန် မျက်လုံးလှမ်းမှိတ်ပြတာကြောင့် သီးပါသွားတာ။
”ရော့ ”

All Too Well (completed)Where stories live. Discover now