Part 12

4K 183 9
                                    

I will take back mine.

I'm not yours.

ရှောင်ကျန့် ဝမ်ရိပေါ်ဆီက ထွက်လာပြီးထဲက ကျိုးချန်ဆီတန်းရောက်လာတာပဲ

တီ ..... တီ

"အယ် ရှောင်ကျန့် ငါ့condoကို ထူးထူးဆန်းဆန်းလာလို့ပါ့လား မဟုတ်မှ ဟိုကောင်နဲ့ တစ်ခုခုဖြစ်လာတာလား"

"ဟို ကျိုးချန်ငါပြောရမှာတော့အားနာပေမဲ့
ငါဒီမှာ ခဏလောက်နေလို့ရမလား ငါသူ့ဆီပြန်သွားဖို့ စိတ်ကူးမရှိတော့လို့"

"မင်းလဲ ဒီနေ့မှပဲ ငါ့ကိုလာတွေ့နိုင်တော့တယ်နော်
အေးပေါ့ ငါကမှ သံယောဇဉ်မပြတ်နိုင်တာ အဲ့တော့ နေပေါ့ ငါနဲ့တူတူ"

ရှောင်ကျန့် က ယုန်သွားဖွေးဖွေးလေးတွေပေါ်တဲ့ အထိ ကျိုးချန်ကိုပြုံးပြတယ်
အဲ့လိုပါပဲ ရှောင်ကျန့်ဆိုတာ ကိုယ့်နာကျင်မှုတွေ ကို ဘေးလူ ကိုမမျှဝေချင်တဲ့လူမျိုး

"ဒါနဲ့ ဝမ်ရိပေါ်က မင်းကိုလာရှာရင်ရော"

"သေချာတာတော့ သူလာမရှာလောက်ဘူး
ငါ့ရဲ့ နှလုံးသားကို သတ်ရုံမကလို့် လူပါသတ်ချင်ရင်တော့ဘယ်ပြောတတ်မလဲ???
ပြီးတော့ ငါဒီcondoမှာရှိမှန်းလဲ သူမသိဘူးလေ"

"အဲ့တာဆိုရင်တော့ မင်းသဘောပဲ ရှောင်ကျန့်ရာ"

"omm ကျေးဇူး ကျိုးချန်"

>>>>>>>>>>>>>>>>>>>>>>>>>

ရှောင်းအိမ်တော်
(ယခုလက်ရှိ ဝမ်အိမ်တော်)

"အား!!!!!!
လွမ်းလိုက်တာ ခင်ဗျားရယ်"

အသံနက်ကြီးနဲ့အော်လိုက်တဲ့ ဝမ်သခင်လေးအသံကြောင့် အလုပ်သမားတွေ အကုန်လန့်နေကြပြီ

မနေ့က ခင်ဗျားစိတ်ချမ်းသာပါစေဆိုပြီး ကျွန်တော် ခင်ဗျားကို မမြင်ချင်ယောင်ဆောင်ပေးခဲ့တယ် တစ်ညလုံးလဲ ခင်ဗျားစိတ်ရှုပ်သက်သာပါစေဆိုပြီး ကျွန်တော် လွှတ်ပေးခဲ့တယ်နော်
ဒီနေ့တော့ ကျွန်တော့် စိတ်တိုင်းကျ ကျွန်တော့ အပိုင်ပြန်ဖြစ်ပေးမယ်မလား
အမှန်တော့ ဒီကစားပွဲမှာ ခင်ဗျားလဲ မရှုံးသေးသလို
ကျွန်တော်လဲ မရှုံးသေးဘူး
ကျွန်တော်တို့နှစ်ယောက် သောက်တလွဲမြားနတ်မောင်ကို အနိုင်ယူပြီး အချစ်တွေနဲ့ ပဲ ပြန်ပွေ့ဖက်ကြမယ်
မဟုတ်ဘူး
ဒီတစ်ကြိမ်တော့ ကျွန်တော်ကပဲ ခင်ဗျားကိုပွေ့ဖက်ထားပေးမယ် ခင်ဗျားက ကျွန်တော့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးပဲနေပေး

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now