Part 14

3.6K 149 13
                                    

You are prettier than Okinawa

lilyဆီကနေ ဝမ်ရိပေါ် လွတ်လာပြီးတဲ့နောက်မှာ
ရှောင်ကျန့်က ဝမ်ရိပေါ်နောက်ကို တကောက်ကောက် လိုက်တယ်
ရိပေါ်ကတော့ကျေနပ်သောပါပဲ

"ဝမ်ရိပေါ် ရေ......."

"ဗျာ......"

တစ်ယောက်ကသံရှည်ဆွဲပြီးခေါ်တယ်
တစ်ယောက်ကသံရှည်ဆွဲပြီးပြန်ထူးတယ်
လိုက်ဖက်နေသောပါပဲ

"ဝမ်ရိပေါ်
ငါပျင်းနေပြီလို့"

"အာ့ကြောင့်ပြောပါတယ်
ရုံးကိုလိုက်မလာပါနဲ့လို့
ကျန့်ကောက တစ်ကယ်ရှုပ်တယ်"

"ငါက စိတ်မချလို့လိုက်လာတာကို ရှုပ်တယ်ပေါ့
ရတယ် နောက်တစ်ခါ သေတောင်မလိုက်ဘူး
မဟုတ်ဘူး ခုချက်ချင်းပြန်ရမယ်
မင်းအနားကို မနေဘူး"

ထပြန်ဖို့လုပ်နေတဲ့ ရှောင်ကျန့်ကိုရိပေါ်က ခါးကနေ ဆွဲလို့ သူ့ပေါ်ကို ပွေ့တင်လိုက်တယ်

"အလုပ်လုပ်တယ်ဆိုတာ ခင်ဗျားအတွက်လေဗျာ
မသိတာလဲ မဟုတ်ဘဲနဲ့"

"နော်
ပေါင်ပေါင်းရေ
babyလေးရေ
ဪ စကားတောင်မပြောတော့ဘူးပေါ့
ရပါတယ်
ခင်ဗျားသွားချင်တဲ့ Hiroshima
ကိုသွားဖို့ စီစဉ်နေတဲ့ဟာကို စိတ်ကောက်နေတယ်ဆိုတော့လဲ အစီအစဉ်ဖျက်လိုက်ပါ့မယ်"

"ဝမ်ရိပေါ် မင်း ရှယ်ယုတ်မာတယ်နော်
ငါကလဲHiroshimaမသွားချင်ပါဘူးနော်"

"သေချာတယ်ပေါ့"

"ဒါပေါ့ ငါသွားချင်တဲ့ နေရာပြောင်းသွားပြီ
ငါက Okinawa ပဲသွားတော့မှာ
အဲ့တော့ မင်းဘာသာဖျက်ချင်ဖျက်ပေါ့
ငါကတော့no problem blah blah"

"သွားပေါ့ ကျွန်တော် ကတော့ လိုက်မပို့ဘူးနော်"

"လိုက်မပို့ဘူးပေါ့ ရတယ်လေ
ငါ့ဟာငါ တစ်ယောက်ထဲသွားမယ်
ဟိုကျမှ လုပ်ချင်ရာတွေ လုပ်ပစ်မယ်"

"ဘယ်ကပိုက်ဆံနဲ့ သွားမှာ ပါလိမ့်"

"ဝမ်ရိပေါ် စောစောကပြောတော့
အလုပ်လုပ်တာတောင်ငါ့အတွက်ဆို
ပိုက်ဆံတွေက ကျွန်တော်ပိုင်ရင် ခင်ဗျားလည်းပိုင်တယ်ဆို
လုပ်ထားစမ်း ဝမ်ရိပေါ် လုပ်ထားဦးပေါ့
ငါ မင်းရဲ့rolaxနာရီတွေ channel လက်ဝတ်ရတနာတွေ အကုန်ခိုးရောင်းပစ်မယ် ဟွန့်"

𝚈𝚘𝚞 𝚌𝚊𝚗 𝚑𝚞𝚛𝚝 𝚖𝚎 ; 𝚋𝚞𝚝 𝙸 𝚕𝚘𝚟𝚎 𝚒𝚝 [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now