ep16

597 39 0
                                    

unicode

"သာယာ ရေ...သာယာ..."

အိမ်ရှေ့မှ ခပ်သြသြ အသံ တစ်သံကြောင့်
ဒေါ်ခင်အေး မှာ အိမ်ရှေ့ ဝါးစင်တွင် ထိုင်နေရကနေ တုန့်ပြန်သံ ပေး လိုက်သည်။

"အေး ရှိတယ်ဟေ့ ဝင်ခဲ့.. "

..

"အော် ဘယ်သူများ လဲ လို့ မြို့သား ပါလား.. "

"ဟုတ် ဒေါ်ဒေါ်.... သာယာ့ကို လာခေါ်တာ...
အလှည့် လှည့်တော့မှာ ဆို လို့... "

"အေး ကွယ် ၃နာရီ လှည့််မယ် ပြော တာ အခု
၂နာရီ၁၅လောက် ရှိပြီမလား... မင်းရဲ့ ညီ အခုထိ အလှပြင်လို့ မပြီးသေးလို့ ငါ ထိုင်စောင့်နေတာ
လိမ်းထား တဲ့ သနပ်ခါးတောင် နေပူလို့ အရည်ပျော်ကျ တော့မယ်... သူက ခု ထိ မပြီးသေးဘူး..."

"ဟားဟား..ဟုတ်လား... "

"ဟုတ်ပတော်.... သာယာအေး!မပြီးသေးဘူးလား
ဒီမှာ မြို့သားတောင် ရောက် နေပြီ....လာတော့"

ဒီတစ်ချိန် ဒေါ်ခင်အေးရဲ့ မာန်ပါပါ အသံ ကြောင့်
သာယာအေး ခမျာ အ​ပြေးလေး အိမ်ရှေ့ သို့ ထွက် လာသည်။..
ထွက်လာလာခြင်း အိပ်ပေါက်ဝ တံခါး မှာပင်..
ရုတ်တရက် ခြေလှမ်းတို့ ရပ်တန့်သွားသည်။
အမေနှင့် စကားပြောပြီး ဝါးစင် ဘေး တွင် မတ်တပ်ရပ်နေသော သူ

ဆံပင်ကို အနောက်ကို လှန်တင်၍ ဖြီးထားသောသူ၊ နဖူးကျင်းကျင်းတွင် မျက်ခုံးတန်းတန်းလေးတွေက နေရာယူသည်။

လည်ဂတုံး စတစ် အကျီ အဖြူရောင် ကို
နီညိုရောင် ဇာပုဆိုး ဖြင့် တွဲ ဝတ်ထားသည်။
ပုဆိုးကို ခြေမျက်စိဖုံး ထိ ဝတ်ထား ပေမဲ့
ကတ္တီပါ အနက်ရောင် လေး စီးထားသည့် သွေးကြောစိမ်းစိမ်းလေးများ သွယ်ရှက်နေတဲ့ ခြေထောက်လေးဖွေးဖွေးလေးက ရှေ့သို့ ထွက်နေသည်။

တံခါးဝ မှာ ကြောင်ကြောင်လေး ရပ် နေတဲ့ ကျနော့်ကို မြင်တော့ သူက ပြုံး ပြသည်။

_အင်း.. အ့ဒီ အပြုံး.. အဲ့ဒီအပြုံးကို ကျုပ် တစ်ယောက်က လွဲရင် ဘယ်သူ့ကိုမှ မပြုံးပြရဘူး..
ပြုံးလိုက်တိုင်း တွန့်သွားတဲ့ နှုတ်ခမ်းပေါ်က မှဲ့စိမ်းလေး ကို ကျနော် သဘော ကျတယ်၊ ဒါကြောင့် တွေ့ရာလူတိုင်း ပြုံးမပြနဲ့.. _

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now