Part-11(Unicode)

1.4K 218 85
                                    

"ဟိုဘက်နည်းနည်းလောက်တိုးပေးပါလား"

ကျောင်းသား အသစ်သည် ဂန်ဒိုယောင်း ၏
ဘေးခုံတွင်ထိုင်ရဖို့ ဖန်လာခဲ့သည့်
တစ်ခုသော ကျောင်းတက် ရက်ဝယ်။

ကျောင်းဖွင့်ပြီးသုံးလလောက်နေမှ
ပြောင်းလာသည့်ကျောင်းသားအသစ်က
ဂန်ဒိုယောင်း လို လူတကာနဲ့ရန်ဖြစ်နေကျသူ၏ဘေးမှာမှ အကြောင်းမသိဘဲလာ
ထိုင်မိသည်တဲ့။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

ဖြူဖက်ဖြူရော်နှင့်ကျောင်းသားအသစ်သည်
ဒိုယောင်းစကားကို
ပြန်လည်ဖြေကြားခြင်းမရှိ။

အဲ့ဒီအစားသူ့ဗလာစာအုပ်ပေါ်ကနာမည်ရေးထိုးထားသည့်နေရာကို
သာလက်ညိုးထိုးပြ၏။

Min Yoongi ဟူသော
လက်ရေးဝိုင်းဝိုင်းလေးနဲ့
ရေးထားတဲ့အမည်နာမတစ်ခု။

ကျောက်သင်ပုန်းကိုသာငေးမောနေတဲ့မျက်ဝန်းများကဖျော့တော့နေသည်။

စာသင်ချိန်တစ်ချိန်ပြီးတိုင်း
မှောက်အိပ်နေတက်သည့် ဖြူဖက်ဖြူရော်
ကျောင်းသားအသစ်က ဒိုယောင်းအတွက်
တကယ့်ကိုအထူးအဆန်း။

တစ်နေကုန်အောင် ရေလည်းထမသောက်၊
သန့်စင်ခန်း
လည်းမသွားဘဲနေနိုင်လွန်းပါသည်။

တစ်ပတ်ခန့်ကြာသည်အထိ
နေ့တိုင်းလိုလို အားပြီဆိုတာနဲ့
သင်္ချာတွက်ရင်တွက်

မဟုတ်ရင် အခြားဘာသာရပ်တစ်ခုခု လုပ်နေတက်သည့်ကျောင်းသားအသစ်က
တကယ်ကိုပေါင်းရသင်းရခက်မဲ့ပုံ။

"ဒိုယောင်း ဆေးလိပ်ခိုးသောက်ရအောင်"

"အေး သွားမယ် ဒီကောင်အိပ်နေတာ
ဖယ်ခိုင်းရမှာ အားနာလို့"

"ဟေ့ကောင် ထပေးလိုက်လေ
ပုံစံကြည့်တော့ပျော့တိပျော့ဖက်နဲ့ "

ရုတ်တရက် ပုခုံးကိုခပ်ကြမ်းကြမ်းကိုင်ပြီး
နှိုးလိုက်တဲ့ အခန်းဖော်တစ်ယောက်ကြောင့်
"Min Yoongi"ဆတ်ကနဲထကာ
လက်သီးဆုပ်လိုက်၏။

"ငါ့အသားကိုလာမထိနဲ့ငါမကြိုက်ဘူး"

တစ်လုံးချင်းအေးစက်စွာပြောသော ကျောင်းသားအသစ်၏စကားလုံးများဟာ
ပွဲတိုင်းကျော် ရန်ဖြစ်လာသည့်ဒိုယောင်းကိုပင်မှင်သက်သွားစေတဲ့အထိ။

Coral Conflict  Where stories live. Discover now