part -23(Unicode)

1.4K 205 41
                                    

လက်ထဲကအိပ်ဆေးပုလင်းကိုလှည့်ပတ်
ကြည့်ရင်း Lee Han Chaw​ပြုံးလိုက်သည်။

ထိုပုလင်းငယ်သည်သူ့အား တာဝန်ကျေစွာ
ဖြင့်သေမင်းထံအနီးစပ်ဆုံးပို့ပေးခဲ့ဖူးသည်။

ဒီနေ့အထိလည်းသူ့အနားမှာ
မကွဲမကွာရှိခဲ့သည်။

အိပ်ဆေးတွေ ဆောင်မထားပါနဲ့ တဲ့။

ကလေးက လည်သည်။သူ့ကိုအကြပ်ကိုင်ခြိမ်းခြောက်လို့ရသည့် တစ်ခုတည်းသောလက်နက်မှန်းလည်း
ကောင်းကောင်းသိသည်။

အကျိုးလိုလို့ ညောင်ရေသွန်းမယ့် သူက
လက်ထဲကရေကို အလဟသက် အကျိုးမဲ့အောင်လုပ်ပစ်ပါ့မလား။

ဒီအိပ်ဆေးကြောင့်ပဲ သူသေမလိုဖြစ်ခဲ့တာ။
ဒီအိပ်ဆေးကြောင့်ပဲ ကလေးက သူ့ကိုအခွင့်အရေးတွေပေးထားခဲ့တာ။

ဒါကိုသူကောင်းကောင်းအသုံးချမှဖြစ်မည်။
ကံတရားနဲ့ လက်ဝါးချင်းရိုက်ပြီးသားမို့
နီးနီးစပ်စပ်ဖြစ်ဖို့ကသိပ်မလိုတော့။

ညတိုင်းတစ်ခုမဟုတ်တစ်ခု ဂျစ်တိုက်သည်။
လိုတာမရလျှင် ငိုပြသည်။
ခေါင်းကြောမာပေမယ့်အသည်းမမာတဲ့
ကလေးပေမို့သူ့ဝေဒနာတွေကိုပိုပိုသာသာထုတ်ပြတိုင်း ဆူဆူဆောင့်ဆောင့်လိုက်လျောခြင်းတွေလည်းရံဖန်ရံခါ ရခဲ့ဖူးသည်။

မကျန်းမာတဲ့ဘဝက
ပျော်ဖို့တော့ကောင်းသား။

တကယ်ကလူတွေထင်သလို သေဖို့အထိဆုံးဖြတ်ချက်မျိုးလည်းသူ့မှာမရှိခဲ့။
ဒီအတိုင်း ​အိပ်ချင်ရုံသက်သက်အိပ်ဆေး
တွေ သောက်ခဲ့ခြင်းသာ။

လွန်ကဲသွားမူ့၏ အကျိုးဆက် သည်
သူ့ကို ထောင်နှုတ်ခမ်းနင်းစေဖို့အထိဖြစ်ခဲ့သလို ကလေး မျက်လုံး ထဲ
သနားစရာ လူတစ်ယောက်အဖြစ်လည်း
ရောက်ရှိသွားသည်။

သက်ဆိုင်ရာက စစ်ဆေးသည့်အခါ
ဆေးမှတ်တမ်းတွေ ရှိနေပြီးသားမို့
သိပ်ခက်ခက်ခဲခဲ ဖြေရှင်းစရာပင်မလို။
လွယ်လွယ်ကူကူပဲ ကျော်လွှားနိုင်ခဲ့သည်။

Park jimin ကိုတော့ အိပ်ဆေးလွန်တာပါလို့
ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။
ကလေး၏ဥပေက္ခာတွေကြောင့်ရွေးခဲ့သည့်လမ်းလို့သာသိထားစေချင်သည်။

Coral Conflict  Where stories live. Discover now