Part-1

1.4K 37 13
                                    

Unicode

အရင်ကတည်းက ဝတ္ထုတွေထဲကူးပြောင်းချင်တာက အိပ်မက်ဖြစ်တာမှန်ပေမဲ့ အခုလိုမျိုးတကယ်ကြီးဖြစ်သွားလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပေ တကယ်ကြီးလား အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်!!...
တွေး‌ရင်တွေးရင်လောကကြီးနဲ့အဆက်သွယ်ပြတ်သွား၏။

"ဟေ့မင်း.....ငါပြောနေတာမကြားဘူးလား ငါရှေ့ကထွက်သွားဆို ရုပ်ဆိုးမရဲ့..."

စူးရှရှအသံနဲ့အော်သံကိုကြားလိုက်ပြီး
‌အသိပြန်ဝင်လာကာ ငယ်ငယ်ကတည်းက
လူတိုင်းကချစ်စရာလေး အရမ်းလှတာပဲလို့အပြောခံရမှ ကျေနပ်သောမိမိကို အခုလိုပြောလိုက်တော့

Candyသည် သူ့မကိုရုပ်ဆိုးတယ်လို့ ပြောတဲ့ဘယ်သူကိုမဆို
အဲ့ဒီလူကသူ့ဘာသာ ဘာအကောင်ကြီးပဲနေနေ ဂရုမစိုက်တက်သောသူမဖြစ်လေသည်။ နောက်တော့ သူမကိုပြောတဲ့သူကိုလှမ်းကြည့်လိုက်တော့ အသက်ငယ်ငယ်နဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်။ 'အိုး ကောင်လေး နင်ကတော့ငါနဲ့တွေ့တာကံဆိုးတာပဲ။'

"ဟေ့....ဒီမှာခေါက်ဆွဲခြောက်ဆံပင်နဲ့ကောင်လေး ငါလိုမျိုးမြင်သူတကာကြွေကျ‌အောင်ချောမောလှပတဲ့လူကိုများ ဘယ်လိုဘယ်လို ရုပ်ဆိုးမဟုတ်လား နင့်အခွက်နင်ပြန်ကြည့် မျက်ခွက်က‌ဖြင့် အရက်ဖောဖောနေတဲ့ရုပ်နဲ့ ငါ့ကိုများလာပြီးပြောနေသေးတယ်"

တကယ်တော့ ကောင်လေးက ငယ်သေးတော့ ကလေးသဘာဝအရ ပါးဖောင်းဖောင်းလေးဖြစ်နေတာပါ။ ဒါပေမဲ့ သူမကိုတောင် ရုပ်ဆိုးမလိုပြောနေတာဘာကိစ္စ  သူ့ကိုလည်းအကောင်းပြန်ပြောရမလည်း ဆုတောင်းလေ သားလေးရဲ့။
အိမ်မှာခွေးနဲ့တောင်ဖက်ရန်ဖြစ်တက်တဲ့ သူမက ကလေးလည်းမညှာတက်ပေ။ အိမ်ကတူတွေနဲ့တောင် ခဏခဏရန်ဖြစ်လို့ အမကဆို ပြောသေးတယ် အို ဘာတဲ့ 'နင့်ကိုအမေက လမစေ့ဘဲမွေးလာလို့ ကျပ်မပြည့်တာလား ကိုယ့်တူတွေကိုညှာလေ နင်ကအကြီးပဲ' တဲ့ ဟာသပဲနော် အကြီးဆိုတိုင်း အငယ်လုပ်သမျှခံရမှာလား ။ အက်တာကြောင့် ယောကျာ်းတောင်ယူခဲ့သည်မဟုတ်။

ဂျွန်ဖြိုးသည် အရင်ကသူ့နောက်ကို ခဏခဏလိုက်ကာ အမြဲရှက်ရမ်းရမ်းနေနဲ့ကောင်မလေးက အခုလိုသူ့ကိုပြန်ပြောမယ်လို့ မထင်ထားသောအခါ....

ကူးပြောင်းပြီးနောက် အဆင်လေး4ယောက်ကို သိမ်းပိုက်လိုက်သတည်း👻Where stories live. Discover now