Part-5

460 43 4
                                    

Unicode

အရင်ဦးဆုံး အတန်းတွေအများကြီးထဲကမှ အဆိုဝါသနာပါတဲ့သူတွေတက်လို့ရမယ့် clubကို သွားတင်ဖို့ နေရာလိုက်ရှာရအုန်းမည်ဖြစ်၏။ ကျောင်းဝန်းကြီးကလည်း ကြီးမားသလို စာသင်ခန်းတွေနဲ့ clubတွေ တခုချင်းစီကိုလည်း အဆောင်တစ်ခုနီးပါးဆောက်လုပ်ပေးထား ပြန်သည်။

ထို့နောက်ပတ်သာ ရှာနေတာ အခုထိမတွေ့သေး၍ အနားမှာရှိသေး ကောင်လေး တစ်ယောက်ကို မေးလိုက်သည်။

"ဟိုလေ Sing clubက ဘယ်နားမှာရှိတာလည်း"
"အာ ရှေ့ကိုနည်းနည်းလျှောက်ပြီးရင် ညာဘက်ကွေ့လိုက် အက်တာဆိုရောက်ပြီ"

"Oh thanks"
"That's my pleasure"

ကောင်လေးပြောတဲ့အတိုင်းနည်းနည်းလျှောက်ပြီး ညာကွေ့လိုက်တော့ တွေ့ပါပြီ နောက်ဆုံးတော့။ အခန်းထဲတွင် ကလေး အယောက်ပေါင်း(၄၀) လောက်တော့ရှိ၏။ တ်ေုသေးတယ် အားလုံးက ၁၀နှစ်အရွယ်တွေမလို့ ။ မဟုတ်ရင်ငိုယိုပြီး ဆူညံနေရင်စိတ်ကရှုတ်ရပေအုန်းမည်လေ။

ကလေးတွေတချို့က သူ့အုပ်စုနဲ့သူစု နေကြသလို။ တချို့ကလည်း တစ်ယောက်တည်း ဒါမှမဟုတ် (၃) (၄)‌ယက်စုနေကြသည်။

နောက်တော့ အသက်(၁၅)နှစ်အရွယ်ကောင်လေးက စီနီယာ ဖြစ်ပုံရသည်။ သူမကိုမြင်တော့ ပြုံးပြကာ သူမရှိရာကိုရောက်လာပြီး

" ဟေ့ ညမလေး  ညမလေးကကျောင်းသူအသစ်လား
အခုမှဒီclub ကိုလာ joinတာလား"

"အင်းးး"

"Okay ဒီ clubကို ဝင်နိုင်ဖို့က ဘာမှတော့သိပ်မလိုအပ်ပါဘူး အရင်ဆုံး သီချင်းကိုငီးမှန်အောင်ဆိုတက်ရင်ရပါပြီ
နောက်ပြီး ဘယ် instrumentsမျိုးတွေ တီးတက်လဲ"

" Guitar"

"ပြီးတော့ရော ...."

"ဒါပဲ"

ဆိုပြီး Candyက မျက်နှာသေနှင့်ဖြေတော့ စီနီယာအကိုဖြစ်သူခမျာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။

"အဟမ်းးး ကောင်းပါပြီး အက်တာဆို သီချင်းတစ်ပုဒ်ဆိုပြပါ အစဆုံးပဲဖြစ်ဖြစ် chorusပိုဒ် ပဲဖြစ်ဖြစ် ညမ‌အဆင်ပြေရာပေါ့"

"Okay ...ဒါနဲ့တီးစရာက ???"

"ဟိုးဘက်မှာ instruments  အစုံရှိတယ်။ ညမကြိုက်တဲ့ instrumentတစ်ခုကို club memberဖြစ်ရင် ကျောင်းပြီးတဲ့အထိ ယူသုံးခွင့်ရှိတယ်"

ကူးပြောင်းပြီးနောက် အဆင်လေး4ယောက်ကို သိမ်းပိုက်လိုက်သတည်း👻Where stories live. Discover now