[၁]

654 63 11
                                    

အခန်း(၁):ကနဦးပြန်လည်မွေးဖွားခြင်း

...လင်ကျူးရွှေ

စာရေးသူမှာပြောစရာတစ်ချို့ရှိပါတယ်:

ဝထ္ထုအသစ်လေးရောက်လာပါပြီ _(:з」∠)_

ကျွန်မနည်းနည်းလောက်ရှင်းပြပါရစေ,ဒီဝထ္ထုက ကျွန်မရဲ့နောက်ထပ်ဝထ္ထုတစ်ပုဒ်ဖြစ်တဲ့ "Fight for Peace and Love" ဆိုတဲ့ဝထ္ထုထဲက "I Heard My Five Elements Lack You" ဆိုတဲ့ arc ရဲ့ spin-offဖြစ်ပါတယ်။အဲ့တာကြောင့်setting ပိုင်းမှာ ဆင်တူနေမှုတစ်ချို့တလေရှိနေမှာဖြစ်ပေမဲ့ ဇာတ်ကြောင်းကတော့ တော်တော်လေးကို ကွဲထွက်နေမှာပါ။

[T/N: spin-off ဆိုတာနားလည်လွယ်အောင်ပြောရရင်, ပထမရှိပြီးသားကနေ ဒုတိယတစ်ခုအနေနဲ့ခွဲပြီးပြန်ထုတ်ထားတဲ့သဘောပါ။Settingပိုင်းတူနေမယ်လို့ပြောတာက, အချိန်တွေ နေရာတွေလိုမျိုးအပိုင်းတွေတူနေမယ်လို့ပြောချင်တာပါ။ဒီအကြောင်းနဲ့ပက်သက်ပြီး descriptionမှာအကျယ်တဝင့်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်]

___________________________________

ကျိုးကျားယွီသည် အမှောင်ထဲတွင် နိုးထလာခဲ့၏။သူ၏မျက်လုံးများအားဖွင့်လိုက်ပြီးနောက် သူ၏ပတ်ပတ်လည်ရှိအရာရာအားလုံးသည် ကတ္တရာအမဲရောင်ဖြစ်နေသည်ကို မြင်ရ၏။သူသည်အနည်းငယ် တွန့်လိမ်သွားပြီး သူ၏လက်များနှင့်ခြေများအားချုပ်နှောင်ထားသည်ကို သိရှိနားလည်သွားခဲ့တော့၏။သူသည် လုံးဝကိုမလှုပ်ရှားနိုင်ဘဲ သူ၏ပါးပြင်သည်မြေကြီးနှင့်ကပ်နေပြီး မေ့လဲကျနေကာ သူ၏နှာခေါင်းအတွင်း၌ သွေးအနံ့များတရစ်ဝဲဝဲဖြစ်နေ၏။သူသေသွားပြီးသားမဟုတ်ပေလား...ဤနေရာမှာမည်သည့်နေရာနည်း,ဤသည်မှာ သေဆုံးပြီးနောက် မြေအောက်ကမ္ဘာသို့‌ရောက်လာခြင်းများလား?ကျိုးကျားယွီ၏ခေါင်းသည် ရှုပ်ထွေးနေဆဲဖြစ်ကာ သူ၏အရှေ့ရှိအမှောင်ထုသည် တောက်ပသောအလင်းရောင်တန်းတစ်ခု၏ ဖယ်ထုတ်ခြင်းခံလိုက်ရတော့၏။

"အဲ့တာသူလား?" အမျိုးသားတစ်ဦး၏အသံထွက်ပေါ်လာ၏။

"အဲ့တာသူဘဲ" နောက်ထပ်အမျိုးသားတစ်ဦးမှပြန်ဖြေ၏။

ဤသည်ကိုကြားသောအခါ ကျိုးကျားယွီသည် သူတို့အားမေးခွန်းတစ်ချို့မေးချင်နေ၏။သို့သော်လည်း ထို့အစား ထိုနှစ်ဦးသည် သူရှိရာထံသို့လမ်းလျှောက်လာသည်ကိုမြင်လိုက်ရပြီး သူ့အားလက်မောင်းမှအကြမ်းပတမ်းဆုပ်ကိုင်လိုက်ကာ မိုးကာဖျင်ကြမ်းအိတ်တစ်လုံးအား တရွတ်တိုက်ဆွဲသွားသကဲ့သို့ပင် သူ့အားအခန်းထဲမှ တရွတ်တိုက်‌ဆွဲထုတ်သွားကြ၏။

My Five Elements Are Short Of You [Myanmar Translation]Where stories live. Discover now