1

326 31 0
                                    

"ပစ္စည်း​တွေစုံပြီထင်တယ်၊ကျွန်မသွား​တော့မယ်။"

"ခဏ​လေး၊ခဏ​လေး။​နောက်ဆုံး ဆုံးဖြတ်ချက်ဆိုတာ​သေချာရဲ့လား ဆူးလ်ဂီ။တို့..တို့က​နောင်တရ​နေရတာ​တွေကိုမုန်းလို့"

ဆူ​ယောင်းက​တော့ မျက်နှာချင်းဆိုင်​လျက်ရပ်နေ​သောသူမတို့နှစ်​ယောက်ကိုကြည့်ပြီးသက်ပျင်းခပ်​လေး​လေးချသည်။

မှုန်ဝါးလာ​သော မြင်ကွင်းအားအနည်းငယ်မျှ​နေသားကျ​အောင် ဆူးလ်ဂီမျက်လုံးများအား နှစ်ကြိမ်မျှ ခပ်မြန်မြန်ပုတ်ခတ်လိုက်သည်။ပူလာသည်ဟုထင်ရ​​သော​ကြောင့် ညာဘက်နားရွက်အားပွတ်သပ်လိုက်သည်။

"ဆူးလ်ဂီ "

"ဟင် "

"အစ်မ နင်သွားမှာလား၊ငါဆွဲထုတ်ရမှာလား။နှစ်ရက်နေရင်ပြန်​တွေ့ရမှာပဲကို ကဲသဲ​နေလိုက်ကြတာ။ပြီး​တော့ ဂျူဟျွန်းနင့်ရည်းစားကိုငါတို့အပိုင်သိမ်းမသွားဘူး။နင့်အလုပ်​တွေပြီးရင်လိုက်လာလို့ရတယ်။"

ဘုဆက်ဆက်​ပြောပြီးထွက်သွား​သော ဆူ​ယောင်းအားကြည့်၍သူမတို့နှစ်​ယောက် ရယ်လိုက်ကြသည်။

"လွမ်း​နေ​တော့မှာ။ "
"ကျွန်မ​ရောပဲ။ "

"ဖုန်းဆက်​နော် တစ်ခုခုဆိုတာ​နဲ့။"
"အဆင်​ပြေမှာပါ ဂျူဟျွန်းရဲ့။ကျွန်မကဖြင့်ကမ်း​ခြေကို​​ရောက်​​ရောက်ချင်း ဂျူဟျွန်းလက်ကိုအ​ပြေးက​လေးဆွဲပြီး ပတ်လည်ချင်တာ။နှစ်ရက်ထက်​တော့ပိုမကြာနဲ့​နော်။"

"Merry Christmas ဘေဘီ"
"Merry Christmas ဂျူဟျွန်း"

"ကုန်တိုက်အရင်သွားရအောင်။လေဆိပ်ကဝိုင်ပုလင်းတွေက လက်ဆောင်ပေးဖို့အတွက် စျေးကြီးလွန်းတယ်။ "
"ညီမလည်းစဉ်းစားနေတာ။ဝမ်မားမားက ဝမ်နဲ့လေဆိပ်ကစောင့်နေမယ်ပြောတယ်။သူ့သမီးကို ဝိုင်ပုလင်းနဲ့လဲကြစို့။"

ခပ်လေးလေးဖြစ်နေသော စိတ်အားသက်သာစေရန် ဟာသမမည်သောဟာသအား သူမတို့ရယ်လိုက်သည်။

ကုန်တိုက်သို့ရောက်လျှင် ဂျိုအီ့အားစောင့်ခိုင်း၍ ဆူးလ်ဂီအပြေးလေးသွားလိုက်သည်။လေယာဉ်ချိန်မှာနီးပြီ။ကားပါကင်ထိုး၍အေးဆေးရွေးနေလို့မဖြစ်။စပျစ် အရသာဝိုင်ပုလင်းကို ငါးလုံးခန့်ဝယ်၍ ဆူးလ်ဂီကိုယ်တိုင် စက္ကူစများဖြင့် သုံးလုံးကိုထုပ်ပိုးလိုက်သည်။ကော်ဖီပူပူနှစ်ခွက်အားကိုင်ကာခပ်မြန်မြန်ဝယ်ကာဆူးလ်ဂီပြန်အထွက် သူမအားလူနှစ်ဦးကဝင်တိုက်သည်။လေဖောင်းအင်္ကျီကြောင့်သူမအပူလောင်မသွားသောလည်း၊အနွေးထည်မှာ စိုရွှဲသွားနှင့်ပြီ။အနည်းငယ်ဒေါသထွက်သွားသော်လည်းရန််မထောင်အား ကားဆီသာအပြေးသွားရသည်။

Apparition'Where stories live. Discover now