Unicode (Ep-15"You're my Alter-Ego")

70 5 0
                                    

Unicode

Ep- 15 “ You're My Alter-Ego”

Fany ကား​မောင်း​နေရင်း Tae ကို ခဏ ခဏ လှည့်
ကြည့်မိသည်​ .. Tae က​တော့  ခေါင်း‌လေး အောက်ငုံ့
လျှက်ငြိမ်​သက်​ဆဲ  Fany ကားရှင်းတဲ့ လမ်းသွယ်​ကြားထဲချိူးဝင်​ကာ ကား​လေးကိုလမ်း​ဘေးချရပ်​လိုက်​သည်​ ။
​အဲ့တာလည်း ​Tae​ကျောက်​ရုပ်​အတိုင်း တုပ်​တုပ်​မှမလှုပ်​

Fany ➡ Tae Tae ya .. ဘာဖြစ်​​နေတာလဲ
အဲ့တိုင်းကြီးပဲ​နေ​နေမှာလား

Fany​ မေး​တော့လည်း Tae မ​ဖြေ ငြိမ်​​နေဆဲ ..
Fany ,Tae စိတ်​​ဆိုး​နေတာသိ​ပေမယ့် ​မေး​တော့လည်း ​ကျောက်​ရုပ်​လို တုံနိဗာ​ဝေ တုပ်​တုပ်​မှမလှူပ်​​တော့ စိတ်​တိုလာသည်​ .. ထို့​ကြောင့် Tae ပခုံး​လေးကို ခပ်​ကြမ်းကြမ်း ဆွဲလှည့်ပြီး လှုပ်​ကိုင်​ကာ Fany ​အော်​လိုက်​မိသည်​

Fany ➡ Wae? Wae ? kim taeyeon shi ​ပြော​လေ ​မေး​နေတာကို အ သွားတာလား ဟမ်​ {shout}

Fany သူ့ပခုံးကိုဆွဲလှည့်ပြီး လှုပ်​ခါရင်း​အော်​​မေး​တော့ Tae မျက်​​လေး​မော့ကာ Fanyဆီသို့တစ်​ချက်​ကြည့်လိုက်​သည်​ ပြီးတော့ ချက်​ချင်းပဲ ဟိုဘက် လှည့်လိုက်​သည်​ ၊၊
Fany သူမကို​ မော့ကြည့်လိုက်​တဲ့ Tae မျက်​ဝန်းမှာ မျက်​ရည်​ဝိုင်း​နေတာ​တွေ့လိုက်​ရ​တော့ Tae မျက်​နှာ​လေးကို သူမဘက်​ဆွဲလှည့်​တော့ သူမလက်​က​​လေးကို Taeက သူ့လက်​ဖြင့် တွန်းဖယ်​ပုတ်​ချလိုက်​သည်​

Fany ➡ Tae ..

Fany သူမလက်​က​လေးကို Taeက အမြဲဆုပ်ကိုင်​​နေ
ကြမို့ ခုလိုပုတ်​ချ​တော့ Taeဘယ်​​လောက်​ခံစား​နေရမှန်း သူမရိပ်​မိပါသည်​ ..
ထို့​ကြောင့် Taeပခုံး​လေးကို သူမလက်​၂ဖက်​နဲ့ အတင်း
ဆွဲလှည့်ပြီး ..

Fany ➡ Miahnae!  Miahnae! Tae
Fany ,Taeကို အော်​လိုက်​မိတယ်​🙍

Tae သူမပခုံး​လေးကို Fanyက ဆွဲလှည့်ပြီး​ တောင်းပန်​​တော့ Fany ရင်​ခွင်​ထဲတိုးဝင်​ကာ Fanyပခုံး၌ မျက်​နှာ​လေးအပ်​ထားလိုက်​သည်​၊၊
Fany သူမပခုံး၌ စိုစွတ်​တဲ့အထိ​တွေ့ကို ခံစားမိ​တော့ Tae ငို​နေတာသိလိုက်​တယ်​ Tae ခန္ဓာကိုယ်​​လေး​က
တချက်​ တချက်​ သိမ့်ခနဲတုန်​သွား​သေးသည်​ သူမရှိုက်​​နေတာ​လေ Fanyလည်း Tae အဲ့​လောက်​ခံစားရတာကို
သိ​တော့ သူမ ​အော်​မိတာကို ပိုပြီးစိတ်​မ​ကောင်းဖြစ်​သွားသည်​ သူမခါးကိုဖက်​ထားတဲ့ Taeလက်​​တွေကလည်း
ပိုပြီးတင်းကြပ်​စွာ Fany လက်​တဖက်​က Taeပခုံးကိုဖက်​ထားပြီး လက်တစ်ဖက်​က Tae​ ကျော​လေးကိုပွတ်​သပ်​​ပေး​နေမိသည်​

Yøu ąre My Ąltęr ëgøWhere stories live. Discover now