|| 35 ||

113K 9.6K 1.1K
                                    

Unicode

အသိစိတ်ဝင်ဝင်ချင်း အရင်ဆုံး ရေရွတ်မိတာ Leo ဆိုတဲ့နာမည်လေး။

တစ်ခုခုထိခိုက်သွားသေးလားဆိုတာဘုန်းဘေဘီမသိ။ နောက်ဆုံးသူ့ရင်ခွင်ထဲမှာသွေးတွေနဲ့Leoလေးကိုမြင်လိုက်ရတာမို့ ကလေးလေးဘာမှမဖြစ်ပါ​စေနဲ့ဟုသာဆုတောင်းမိသည်။

အသံထွက်ပြီး Leo ဆိုသည့်နာမည်ကိုကျယ်ကျယ်လောင်လောင်ခေါ်လိုက်ချင်ပင်မယ့် ခြောက်ကပ်နေသော လည်ချောင်းမှ တိုးတိုးလေးသာထွက်လာတယ်။

ပြီးတော့ ဗိုက် သံချောင်းနဲ့ထိုးမိတာမို့ဒဏ်ရာကအခုထက်ထိနာနေတုန်းပဲ။

" ဘုန်းဘေဘီ "

မပီမသအပြုံးတစ်ပွင့်အား ကိုကိုလေးအား ဘုန်းဘေဘီ ပြုံးပြလိုက်တယ် ။

" ကို ကို လေး L e o ရော "

သတိပြန်ရတာတောင် သူ့ကိုယ်သူမစိုးရိမ်ဘဲသူ့သားအတွက်စိုးရိမ်နေတာမို့ ယဥ်နှောင်းလက်ပံသက်ပြင်းသာချမိသည်။

" သား မရှိဘူး ဘေဘီ "

" ဟင် ကိုကိုလေး ဘယ်သွားလို့ မရှိတာလဲ "

ဘုန်း​ဘေဘီ မျက်ဝန်းထဲမှာ မျက်ရည်စတွေ ဝေ့သီလာတာမို့ စကားပြောမှားသွားပြီမှန်း ယဥ်ယဥ်သိလိုက်ပြီ။

" သူ့ Daddy နဲ့ မုန့်ထွက်စားတယ် ဗိုက်စာတယ် ဆိုပြီး ဂျီနေလို့ ဘေဘီ နေရတာသက်သာလား"

" ဗိုက်ကနာနေတုန်းပဲ ကိုကိုလေး "

သူ့ဗိုက်က သံချောင်းနဲ့အထိုးခံရတဲ့ဒဏ်ရာကကြီးတာမို့ အနာကျက်ဖို့အတွက်အချိန်တစ်ခုတော့စောင့်ရမှာပင်။

" အင်း ခဏ ဘေဘီက အစာမာတွေစားလို့မရသေးဘူး အရည်ပဲ သောက်ရဦးမယ်ဆိုတော့ ဘာသောက်ချင်လဲ ခရုဆန်ပြုတ် ကြက်သားဆန်ပြုတ် ရွှေဖရုံသီးစွတ်ပြုတ် "

" ခရုဆန်ပြုတ် ကိုကိုလေး Leo လေး လာရင် ဘေဘီ့ဆီလွှတ်ပေးပါနော် "

" အင်းအင်း လွှတ်ပေးမယ်နော် သားက ဒဏ်ရာရပေမယ့် မင်းကသေချာကာကွယ်ပေးခဲ့တော့ အခြေနေကအရမ်းဆိုးဆိုးဝါးဝါးကြီးမဖြစ်သွားတာ ငါ့သားကိုကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘုန်းဘေဘီ"

My Impressive HusbandWhere stories live. Discover now