|| 42 ||

91.1K 8.3K 719
                                    

Unicode

သရက်ပင်တွေ များစွာ ပေါက်ရောက်နေသော ခြံကြီးတစ်ခြံရှေ့တွင် ​ပြည့်စုံ ကားရပ်လိုက်သည်။

" ရောက်ပါပြီ သခင်မကြီး "

" မင်း လိုက်မလာနဲ့ ပြည့်စုံ ဘာသံကြားကြား "

" သခင်မကြီး "

" နောက်ဆုံး ဆန္ဒပါ ငါ့ရဲ့နောက်ဆုံး ဆန္ဒကို မင်းဖြည့်ဆည်းပေးမယ် ထင်ပါတယ် ပြည့်စုံ "

နောက်ဆုံး ဆန္ဒတဲ့ သခင်မကြီးရဲ့ နောက်ဆုံး ဆန္ဒဆိုမှတော့ သူကဘာများတတ်နိုင်ဦးမှာလဲ။

" ဟုတ်ကဲ့ သခင်မကြီး ဂရုစိုက်ပါ "

ပန်းမြတ်ဒေဝီ Leo လေးကို ချီကာ ခြံရဲ့ အနောက်ဘက်ဝန်း ထဲ လျှောက်လာလိုက်တယ်။

" Leo "

" ဂျာ ဖွားဖွားဂျီး "

" ဒီနေရာကနေစပြီး ဖွားဖွားကြီး တို့ ခြေလှမ်း ငါးဆယ်တိတိ လမ်းလျှောက်ကြမယ် Leo"

" ဟုတ် ဖွားဖွားဂျီး "

" မြေး မှတ်ရလွယ်အောင် ဖွားဖွားကြီး အမှတ်အသား တစ်ခုလုပ်ထားပေးခဲ့မယ်"

နှစ်ချို့ သရက်ပင်ကြီးတွေဖြစ်၍ တစ်ပင်တစ်ပင်မှာ လွန်စွာကြီးမားကြသည်။

ပြောလည်းပြော လက်ကလည်း ပန်းမြတ်ဒေဝီ သရက်ပင် ကိုင်းမှာ Hades ဆိုသည့် ဂရိနတ်ဘုရားတစ်ပါး၏အမည်ကို ဓားနဲ့ထွင်းလိုက်တယ်။

" မှတ်ထား ကြီးမြတ်ကုဋေချီ မင်းအတွက် ဖွားဖွားကြီး နာမည်တစ်ခု ပေးခဲ့မယ် Hades လို့ လေ "

" Hades ဟုတ်ယား ဖွားဖွားဂျီး "

" ဟုတ်တယ် Hades ရော Leo ရော ကြီးမြတ်ကုဋေချီရော အားလုံးက မင်းနာမည်တွေပဲ "

" ဟုတ်ကဲ့ ဖွားဖွားဂျီး "

" ဒါဆို ဖွားဖွားကြီးတို့ လမ်းလျှောက်တာ စရေမယ် Leo "

မြေးလက်ကို ဆွဲကာ သူ(မ) ​ခြေလှမ်း ငါးဆယ်တိတိ လျှောက်လာလိုက်သည်။

" ဒီကိုလာ Leo အနားမှာ ထိုင် "

လက်ထဲက ဓားချွန်နဲ့ မြေကြီးကို  ပန်းမြတ်ဒေဝီ ခပ်နက်နက်လေး တူးပြစ်လိုက်တယ်။

My Impressive HusbandDonde viven las historias. Descúbrelo ahora