extra

5.9K 609 18
                                    


မနက်ခင်းရဲ့နေရောင်ခြည်ဟာကမ္ဘာမြေပြင်ပေါ်သို့ဖြန့်ကျက်ပေးနေတယ်

ကျေးငှက်တွေကတကျီကျီအော်မြည်လို့ လေဖြူးသုန်သုန်တိုက်ခတ်နေခြင်းကြောင့်အနည်းငယ်အေးစိမ့်နေတယ် ဆောင်းရောက်တော့မည်မို့အအေးဓါတ်ကပိုလာလေပြီ

ရှောင်ကျန့်ကထမင်းသုံးပန်းကန်အပြင် ဟင်းခွက်လေးခွက်ခန့်ကိုသစ်သားဗန်းလေးနဲ့အိမ်ရှေ့ကိုသယ်လာတယ်
အနောက်မှာတော့ရှင်းယွင့်လေးကသူ့ပါးပါးရဲ့အင်္ကျီစကိုကိုင်လို့ရထားတွဲကြီးလိုလိုက်လာတယ်။

ရိပေါ်ကစားပွဲခုံအပုလေးကိုကြမ်းပေါ်ခင်းထားပြီမို့အဆင်သင့်တင်လိုက်ကာ သားအဖသုံးယောက်သားဝိုင်းထိုင်လိုက်ကြတော့သည်။ မနက်စာကိုတူတူစားသောက်လိုက်ကြသည်။

ရှောင်ကျန့်စားနေရင်းမှလွန်ခဲ့တဲ့အချိန်တွေကိုပြန်တွေးနေမိတယ်

အဆိပ်ကြောင့်သူသေမလိုဖြစ်ခဲ့ပြီးတဲ့နောက် တကယ်တော့သူထပ်သေသွားပြီထင်ခဲ့တာ ဒါပေမယ့် ရိပေါ်ကဘယ်လိုနည်းတွေနဲ့သူ့ကိုကယ်လိုက်လဲမသိ သူသတိရလာတော့အခုတောင်ပေါ်ကအိမ်လေးကိုရောက်နေတော့တာပဲ

သူတို့နေတဲ့တောင်ပေါ်အိမ်လေးနဲ့ရွာငယ်လေးဟာနှစ်မိုင်လောက်သာဝေးတယ် ရွာဟာလည်းအိမ်ခြေငါးဆယ်လောက်သာရှိသောရွာသေးသေးလေးပင်ဖြစ်သည်။ ပြောရရင်လူမျိုးစုတစ်စုတည်းသီးသန့်ရွာတည်ထားသောကြောင့် တကယ့်ကိုခေါင်လွန်းတဲ့နေရာတစ်ခုပင်

ရိပေါ်ကသူတို့ကိုရှာမတွေ့စေရန်ဤနေရာတွင်နေထိုင်ဖို့ဆုံးဖြတ်ခဲ့သည်။ ထင်သည့်အတိုင်းပင်ယခုထိသူတို့ရဲ့နေရာကိုမည်သူမှရောက်မလာခဲ့ပေ။

ရိပေါ်ကရှောင်ကျန့်ကိုဖြစ်ခဲ့သမျှအားလုံးရှင်းပြလိုက်တယ် မယ်တော်ကြီးသေဆုံးမှုကိုဝမ်းနည်းမိပေမယ့်ဒါသူ့အပြစ်ဒဏ်ပဲလေ လင်းရှီနဲ့လင်းကျိုးရန်အကြောင်းကိုတော့ရိပေါ်ကထည့်မပြောခဲ့ဘူး

ရှောင်ကျန့်ကတော့ရိပေါ်မပြောလည်းထိုနှစ်ယောက်ရဲ့ဇာတ်သိမ်းကောင်းမည်မဟုတ်မှန်းသိပါတယ်

ဝတ္ထုထဲကဇာတ်လိုက်နှစ်ယောက်ကမပေါင်းဖက်လိုက်ရသလို လောကကြီးထဲမရောက်လိုက်ရတဲ့ကလေးငယ်လေးလည်းရှိခဲ့တယ်

🎉 You've finished reading 𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ) 🎉
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now