Part 19(Unicode)
2.1K 86 4
~သခင်ကြင်လျှင်ချစ်ခြင်းမည်~
အကိုဝေဖြိုးပြောတဲ့စကားတွေကိုသာ နိဒါန်းပြန်တွေနေမိသည်။
တကယ်ဆိုကိုကို့အပေါ်မရက်စက်ခဲ့သင့်။
ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုမှ
နာကျင်အောင်လုပ်ခဲ့မိသည်။
ညာနေတာကိုသိရက်နဲ့တောင် ကိုကိုကဆက်ချစ်နေခဲ့သည်။
ကိုကိုရဲ့ဒဏ်ရာတွေကိုမောင်မသိခဲ့လို့တောင်းပန်ပါတယ်။
အခုတော့ အရာရာနောက်ကျနေပြီဖြစ်သည်။
ကိုကိုလဲနေသားတကျဖြစ်နေရောပေါ့။
ထပ်မဆုံချင်တော့လို့ ထွက်သွားပြီဖြစ်တဲ့သူကိုနာကျင်စရာတွေထပ်မပေးချင်တော့ ။
ကိုယ်စခဲ့တဲ့ဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းမှာကိုယ်တိုင်နာကျင်ခဲ့ရသည်။
ခွင့်လွတ်ပါဆိုတဲ့စကားကိုတောင် နိဒါန်းပြောမထွက်တော့။
မောင့်ကိုခွင့်မလွတ်ပါနဲ့ကိုကို။
မောင်က ကိုကို့အချစ်တွေနဲ့ မတန်တဲ့သူပါ။
နောက်ရက် နိဒါန်းအိပ်ယာပင်မထသေးအဆောင်တစ်ခုလုံးဆူညံနေတော့သည်။
အသံကြားတာနဲ့တင်သိလိုက်ရပါပြီ။ စိုင်းနေတို့အဖွဲ့ရောက်လာတယ်ဆိုတာ။
"ထစမ်းဟျောင့်  နိဒါန်းသစ် နေဖင်ထိုးနေပြီ
ဇိမ်တောင်ကျနေသေးတယ် ထနှမပေး"
"ဘာလဲကွာမင်းတို့ကလဲအိပ်တဲ့သူကို"
"အမယ် မင်းကြောင့်ငါတို့အစောလာတာနော်
မင်းမထရင်ငါတို့ပြန်သွားမှာ"
"ဟ…ဟ နေပါအုံးမင်းတို့ကလဲငါကစတာပါ
ထပြီ ထပြီ ဟိုအမွှာရော"
အထုတ်ဆွဲပြန်ထွက်ဖို့ပြင်နေသည့် စိုင်းနေကိုဆွဲထားရသည်။
"သူတို့ကနောက်တစ်ပတ်လောက်နေမှလာမှာ
အခုကငါနဲ့ထက်ဘုန်းပဲ"
"ဘယ်မလဲထက်ဘုန်းက"
"ငါဒီမှာယောက်ဖ လာပြီ"
ထက်ဘုန်းက အထုတ်ပစ်ချရင်းဖြေသည်။
"မင်းတို့မနက်စာစားပြီးပြီလား"
"ဘယ်ကလာကွာ အစောကြီးထွက်လာရတာ
ဗိုက်ကိုဆာလို့မင်းထမင်းဝယ်ကျွေးရမှာနော်"
"အေးပါကွာ ငါ့ညီမလေးအဆောင်ကိုအရင်သွားခေါ်ရအုံးမှာ သူကအခုမှရောက်တာဘဟ်မှသွားတက်မှာမဟုတ်ဘူး"