Ep 10

349 27 3
                                    

မိုးသောက်ချိန်က လူတယောက်ရဲ့
ရင်ဘတ်ထဲက အမှောင်ထုကို အလင်းမပေးနိုင်ချေ

Hoseok ရဲ့ ဘဝက ညနဲ့နေ့
တသားတည်း ဖြစ်နေပြီ

" စာအုပ်ကို ဆက်ဖွင့်ကြည့်ဦးမလား ''

Namjoon က စ၍ ထပြောသည်

ဒီ အချိန်တော့ ဘယ်သူမှ မပြောကြတော့
လူတိုင်း က ကိုယ့်အသက်ကိုတော့
နှမြောတယ်လေ

" မထကြတော့ဘူးလား မင်းတို့ သိချင်တယ်
ဆိုပြီး ဒီ Game ကို စခဲ့တာလည်း မင်းတို့ပဲ
မင်းတို့ ပဲ အဆုံးသတ် ရမှာလေ

လူတွေသေတာနဲ့ပဲကြောက်မနေကြနဲ့
တချိန်ကျရင် ငါတို့ အားလုံး သေမှာပဲ

Library ထဲမှာ ရှိတဲ့ ရေတွေလည်း ကုန်သလောက်ဖြစ်ပြီ

ရေအသက် တမနက်ပဲ ငါတို့ ထပ်ရှင်ရင်တောင် နောက်နှစ်ရက် သုံးရက်ပဲ

ဆက်တိုက်မလား နောက် ၃ရက်ကြရင် သေဖို့ ပြင်ဆင်ထားမလား

စုတ်လဲစူး စားလဲရူး ဘဝမှာ သူရဲဘောမကြောင်ချင်စမ်းပါနဲ့ ''

ဆိုပြီး Yoongi က ထပြောလိုက်တယ်

Jin: ဟုတ်တယ်

ငါတို့ စာအုပ်ဖတ်ရအောင် ဒီတခေါက် ငါ စာအုပ် ကို ဖွင့်မယ်

Jimin: Hyung......

Jimin က Jin ကို အရမ်း စိတ်ပူနေတယ်

သူ့ဘဝမှာ အကိုသာ သေသွား ရင် သူပါ
သေသွား နိုင်တယ် မလား

သူ့အကိုကို ကယ်တင်ဖို့အတွက် သူဘာမဆို
လုပ်နိုင်တယ် တကိုယ်ကောင်း ဆန်ရဖို့

ဝန်မလေးသလို သူ့အသက်ကို ပေးရမယ်ဆိုရင် တောင် မှ ပေးဖို့အသင့်ပဲ

" Jimin ah ငါ စာအုပ်ကို ဖွင့်မယ် ''

Hoseok ရဲ့ စကားသံကြောင့် တခန်းလုံး အလန့်တကြားဖြစ်သွားရသည်

Jin: မင်း အဆင်ကောပြေရဲ့လား အာညီးး
မင်း အဆင်ပြေပါ့မလား

Hoseok: အင်း ကျနော် ပြေပါတယ် hyung

Jungkook နဲ့  Taehyung အသက်ပေးပြီးရင်းထားရတဲ့ ဒီတိုက်ပွဲက ကျနော် တို့ ရှင်သန်ပြီး အဆုံးသတ်ပေးရမှာပေါ့

Curse Of PastWhere stories live. Discover now