Ep 11 (No.4 is left)

350 27 4
                                    

အားလုံး စကားပြောနေချိန်မှာ........

ဇွပ်...... ✂✂✂

Jimin ရဲ့ ခါးကို ကတ်ကြေးက စိုက်ဝင်သွားခဲ့တော့သည်

Jin လည်း jimin ဘက်ကို လှည့်ကြည့်လိုက်ပြီး

Jin: JIMIN Ahhhhhhhhhhh..........

Namjoon , Hoseok နဲ့ Yoongi တို့လည်း
မျက်ရည်တွေ နဲ့ ဖြေမဆည်နိုင်​ ဖြစ်နေရ​ေတာ့သည်

အရှေ့မှာ ဆုံးသွားတဲ့ သူတွေက
ဘာပဲပြောပြော သွေးရင်းသားရင်း

မဟုတ်သလို ပြေးကြည့်မှ ဒီ ညီအကိုနှစ်ယောက် ထဲ
ရှိတဲ့

သူတို့ဘဝထဲကို ဒီ ကျိန်စာ ဆိုးကြီး ( ခွေးသတောင်းစားကျိန်စာ)  ဝင်လာကတည်းက

သူတို့ ရဲ့ ငြိမ်းချမ်းမှုတွေကို တစစီ ရိုက်ချိုး ပြစ်ခဲ့တယ် သူတို့ ဘာသာ ပျော်နေတဲ့ ဘဝလေးကို

လူတွေအသေအပျောက်များနေလို့ ကယ်တင်ချင်ခဲ့တဲ့ စိတ်လေး တခုထဲနဲ့ ဒီအဖွဲ့ထဲကို ဝင်ခဲ့တယ်

Jin ရဲ့ ငိုရှိုက်သံတွေက library တခုလုံး ပဲ့တင်သံတွေနဲ့ပဲ ထပ်နေပြီ

လည်ပင်းသွေးကြောတွေဟာလည်း ပျက်ထွက်မတက်

ငိုထားတဲ့ မျက်ရည်တွေ စည်းကျနေတာနဲ့ အရူးမီးဝိုင်းနေသလို

ကမ္ဘာ ကြီး တခုလုံး ရိုက်ချိုး ခံထားရသလို ဖြစ်ပျက်နေတယ်

Namjoon လည်း jimin က မသေခင်
သူ့ကို ကတိတောင်းထားတဲ့

စကားလေးတခွန်း ကိုပဲ နားထဲ ကြားယောင်နေမိခဲ့တယ်

"ကျ​ေနာ်မရှိရင် Jin Hyung ကို တယောက်ယောက် စောင့်ရှောက်ပေးကြပါ အားလုံး jin hyung က ကျနော် မရှိရင် မဖြစ်ဘူးလေ''

အခုတော့
Jin ရဲ့ ဘဝကြီးက မီးမှိုက်ခံထားရသလို
လောင်ကျွမ်းနေပြီ ပြောစရာစကားမရှိတော့

ပျော်စရာအချိန် လည်း မရှိတော့ဘူး ပြေးကြည့်မှ ရှိတဲ့ ဒီညီအကိုလေး နှစ်ယောက်ကို

တယောက်က ထားခဲ့တော့ သူဘယ်လို ရှေ့ဆက်ရမလဲ

သူ့အမေနဲ့ ပြန်တွေ့ရင်ကော သူ ဘယ်လို ရှင်းပြရမလဲ

Jimin ရဲ့ အလောင်း ကိုပဲ ကြည့်နေရင်း
ကြက်သေသေနေသလို ဖြစ်နေတယ်

Curse Of PastWhere stories live. Discover now