Bonus 7

1.5K 133 0
                                    

<Unicode>

"ငါ့သားကို ဒီမှာမထားနိုင်ဘူး"

"စိတ်မကောင်းပေမဲ့ အချစ်က ကျွန်တော်ဆီမှာပဲ နေရမယ်"

"မင်း!!"

"ပြောပါ.."

"နှစ်ယောက်လုံး တော်ကြပါတော့!!"

စုလီ အခုထိ အချင်းများနေတဲ့ ပါးနဲ့ရန်ကိုကြည့်ပြီး ခေါင်းကိုက်လာတာကြောင့် အော်လိုက်ရလေတော့သည်။

ထိုနောက််မှာတော့ စုလီ ရန်ဘက်လှည့်ကာ..

"ရန် ဒါကျွန်တော်အဖေနော် အနည်းဆုံးတော့ ကျွန်တော့်ကိုချစ်တယ်ဆို ပါးကိုလေးလေးစားစားဆက်ဆံပေးပါ"

"ကိုယ်သိပါပြီ"

စုလီ ပြောလိုက်တာနဲ့ ဖေဖေချင်းက ချက်ချင်းပင် မော်ကြွားသွားရလေသည်။

ဟမ် ပြောတော့ဂိုဏ်းခေါင်းချုပ်တဲ့ ငါ့သားစကားတစ်ခွန်းမှာ ငြိမ်ကုတ်သွားတဲ့ အကောင်ကများ။

စုလီ ရန်ကိုပြောပြီးတာနဲ့ ပါးဘက်ကိုလှည့်ကာ...

"ပါး ၊ ပါးလည်းတူတူပဲ သားကိုချစ်တယ်ဆို အနည်းဆုံးတော့ သားရဲ့ချစ်သူဖြစ်တဲ့ ရန်အပေါ်  ကောင်းကောင်းဆက်ဆံပေးပါ"

စုလီ၏ စကားကို ဖေဖေချင်းက မျက်နှာရှုံလျက်...

"ဟမ့်!...ကောင်းကောင်းဆက်ဆံပေးချင်စရာ တော်တော်ကောင်းတယ်ဆိုတော့.."

"ပါး.."

"အေး "

"ပါးရော၊ ရန်ရော နှစ်ယောက်စလုံးက ကျွန်တော်ချစ်ပြီးတန်ဖိုးထားရတဲ့လူတွေ ဒါ့ကြောင့် နှစ်ယောက်လုံးက ကျွန်တော့်ကို အနေရခက်အောင်မလုပ်ပါနဲ့"

"စုလီ ၊ ငါ့သား အဖေမင်းကိုတစ်ခုမေးမယ်၊ ဒီကောင်မဟုတ်ပဲ တစ်ခြားကောင်မရဘူးလား"

"ပါး.."

"မင်းကြိုက်တာ ယောကျာ်းလေးဆိုလည်းဖြစ်တယ် ၊ ငါလက်ခံပေးလို့ရတယ် ၊ ဒါပေမဲ့ ဒီကောင်ကလွဲရင် တခြားလူရွေးလို့မရဘူးလား"

"ပါး သားက ယောကျာ်းလေးတိုင်းကို ကြိုက်နေတာမဟုတ်ဘူး သားက ရန်တစ်ယောက်ထဲကိုပဲ ချစ်တာ ၊ အဲ့လိုပဲ ကမ္ဘာပေါ်မှာ သားအချစ်ဆုံးအမျိုးသားနှစ်ယောက်ဆိုလို့ ပါးနဲ့ရန်ပဲရှိတာ ဒါ့ကြောင့် ကျေးဇူးပြုပြီး သားတို့ကိုလက်ခံပေးလို့ရမလား"

Call Me Villain (Z+U) [Complete ]Where stories live. Discover now