အပိုင်း၂

229 14 0
                                    

"တီ တောင် ...."

"လာပြီ ထင်တယ်"
ဖုန်းကိုချပြီးတံခါးသွားဖွင့်ရသည်။
ညီမလေးကရေချိုးတာ
ပြီး​သေးမှာ​မဟုတ်scrubတိုက်
ဘာတိုက်နဲ့ဘာ​တွေမှန်းကိုမသိပါဘူး။
ညီမလေးအခန်းသွားမယ်ဆိုရင်
အလှပြင်ပစ္စည်းပေါင်းသောင်း
​ခြောက်​ထောင်နဲ့တခါတ​လေskin care
ဖို့သူ့ကိုပါ​ပြောသည်။
ဒါ​ပေမဲ့ကိုယ်ဆိုတာကလဲ
ကိုယ်skinကဘာtypeမှန်း​တောင်​မသိ​။
စွဲစွဲမြဲမြဲသုံးတာဆိုလို့
Cetaphilရဲ့cleanser​လေးပဲ
ရှိမယ်။ဒါကလဲညီမ​လေးပဲမှာ​ပေးထားတာ။
ညီမလေး​က​သူ့​အတွက်
မှာ​ပေးတာဆို​တော့ဘာ​တွေများ
လဲဟုစိတ်ဝင်စား​သွားသည်။
သူကစားလို့ရသမျှအကုန်စားသည်။

တံခါးသွားဖွင့်လိုက်​တော့။

"မှာထားတဲ့မုန့်လာပို့တာပါဗျ"
သူ့ဆီကိုပေးလာတဲ့မုန့်ဘူးကြီး
မာလာရှမ်း​ကော​တွေဖြစ်မည်။
Deliကောင်လေး​က​ငယ်ငယ်
လေးဖြစ်မည်။ခန့်မှန်းချေ၁၈ ၊၁၉
​လောက်​ပေါ့။
မုန့်ဗူးကိုင်ထားတဲ့ကောင်လေး
လက်ချောင်းတွေမှာဖြူဖြူရှည်ရှည်
​လေး​တွေဖြစ်သည်။
အကျီလက်ရှည်ဝတ်ထားတာကြောင့်
လက်ချောင်း​လေး​တွေက
ထင်ရှား​နေသည်။
Mask နဲ့ဦးထုပ်ဆောင်းထားတာတောင်
ဒီ​ကောင်​လေးဘယ်​လောက်​ချောလဲ
မှန်း​ကြည့်​လို့​ရသည်။

"ဘယ်​လောက်လဲ"
အကဲခတ်​ခြင်းများ​ရပ်
လိုက်ကာ​မေးလိုက်သည်။

"၂၅၀၀၀ပါဗျ"
အိပ်ကပ်ထဲထည့်ထားသော
ပိုက်ဆံများထဲက၂၅၀၀၀ကိုကောင်လေး
အား ပေး​လိုက်သည်။

"ဟုတ်ကဲ့ ​ကျေးဇူးတင်ပါတယ်"

ထို​ကောင်လေး​ထွက်သွား​တာ
​တောင်သူလိုက်ကြည့်​နေမိသည်။
ဒီ​ကောင်​လေးက​အရပ်​လည်း
ရှည်​တာပဲ။
"ငါကဘာလို့ဒီ​ကောင်​လေးကိုစိတ်ဝင်စား​နေတာလဲ"
​ခေါင်းကိုစိတ်ရူပ်သလိုခါပြစ်လိုက်သည်။

"ကိုကို  အဲ့မှာဘာရပ်လုပ်​နေတာလဲ deliလာ​သွား​ပြီလား ဟီးဟီး စားရ​တော့မယ်"

ညီမလေးကပျော်ရွှင်​စွာ
ဘူးထဲကမာလာရှမ်းကောတွေကို
ပတ်းကန်​တွေထဲစိတ်ရှည်စွာထည့်​နေသည်။

ချစ်ခြင်းရယ်​ဝေ(Complete )Where stories live. Discover now