အပိုင်း၁၂ end

206 8 0
                                    

မဟာနဲ့ပျော်ရွှင်စရာနေ့ရက်တွေကို
ဖန်တီးလာရင်းNov 30မဟာ​နဲ့ညီမလေး
တို့ရဲ့​မွေး​နေ့​ရောက်ခဲ့ပြီ။
အချစ်ဆုံးနှစ်ယောက်ကလူရှုပ်တာတွေ
ပွဲအကြီးကြီးတွေကိုမကြိုက်လေတော့
ရုိးရှင်း​သော​မွေး​နေ့ပွဲ​လေးအားအိမ်မှာပဲ
ကျင်းပ​ရန်​စီစဥ်​ထားသည်။
သူရယ်မဟာရယ်ညီမလေးနဲ့နုအေး
အားလုံး​ပေါင်း၄​ယောက်ပဲ။

သူကလွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက
ကိတ်မှာ​ပြီးသွား​ပြီ​ဖြစ်သည်။
မဟာသိသွားမှာစိုးလို့
မဟာ့ဆိုင်မှာ​သွားမဝယ်။

မဟာ့အတွက်ဒီဇိုင်း​တစ်မျိုး
ညီမလေးအတွက်ကတစ်မျိုးနှင့်
တခြား​သောမုန့်​တွေပါမှာထားခဲ့သည်။

ညီမ​လေးက​တော့​ကျောင်းသွားသည်။
ဒီနေ့သူ့မွေးနေ့မို့သူငယ်ချင်းတွေကို
မုန့်ဝယ်ကျွေးရမယ်တဲ့။မသွားခင်ညီမလေးကို
HAPPY birthdayနှုတ်ဆက်​ရင်း
ပါးပြင်​လေးအားအနမ်း​ပေးလိုက်သည်။
ညီမ​လေးလည်း
သူ့အကိုရဲ့အစီစဥ်ကိုမသိရှာပါဘူး။

မဟာ​လေးသိပ်​ပျော်​နေ​တော့မှာပဲ။
ဒီ​နေ့က​တော့သူအ​ပျော်ဆုံး​နေ့ပဲ။
ဆိုင်ထဲဝင်လာကတည်းကပြုံးရွှင်နေလို့
ဆိုင်ကဝန်ထမ်း​တွေ​တောင်တ​ငေး​ငေး။
သူလာနေကြဖြစ်နေပြီမို့ဆိုင်အနောက်ဖက်
ထဲဝင်လိုက်သည်။မဟာကပစ္စည်းပို့ပြီး
ပြန်ရောက်ပြီတဲ့။အဲဒါကြောင့်သူဆိုင်လိုက်
လာတာ။ပစ္စည်းပို့ဖို့လိုက်ပို့ပေးမယ်ဆိုတော့လည်း
မဟုတ်။သူ့အိမ်​တောင်မှသူအတင်း​ခေါ်မှလိုက်တာ။
အခုမှတွဲတာ၁လ​တောင်မပြည့်​သေးဘူးဆို​တော့။
ကျ​တော်နားလည်ပါတယ်။
ဆိုင်ကိုလာလာ​နေတာ​တော့မတားဘူး။
အဲ့​တော့​ပျော်ပြီ​လေ။

"ပင်ပန်းသွားပြီလားက​လေး"

က​လေးလို့​ခေါ်လိုက်​တော့မဟာကမကြည်​တော့။

"ကျ​တော်​နဲ့​အ​ကိုက ၃နှစ်ပဲကွာတာ​နော်ဘာက​လေးလဲ"

"စ​တာပါ မ​ဟာက​လည်း ဒီ​နေ့ဘာ​နေ့လဲသိလား"

"ဒီနေ့​လား ဒီ​နေ့က​ဗုဒ္ဓဟူး​နေ့​လေ"

"ဟ​မ် အဲ့လို​နေ့မဟုတ်ဘူး​လေ"

You've reached the end of published parts.

⏰ Last updated: Dec 04, 2021 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းရယ်​ဝေ(Complete )Where stories live. Discover now