CH 2

1.8K 183 15
                                    

Unicode

" ဦးဟီကို တို့ဘက်ကလက်ခံတယ်လို့အကြောင်းပြန်လာပါတယ် CEO "

"ဟင်းဟင်း ဟားဟားဟား! "

အာဏာပါလှသောအသံ ၊ မာန်ပါပါရယ်ဟလာသည် ။

"ဒီလိုဘဲဖြစ်ရမှာပေါ့ အရာရာတိုင်းက 'မင်းတိုင်းတော်ဝင်' ရဲ့အစီစဥ်အတိုင်းဘဲဖြစ်လာတော့မှာ "

"Z! "

"ဟုတ်ကဲ့ CEO "

" လက်ထပ်စာချုပ်မှာ ငါလက်မှတ်ထိုးပြီးပေးလိုက်မယ်၊ အဲ့အိမ်ကိုသွားပြီး လက်မှတ်နဲ့ လူကိုပါသွားခေါ်လာခဲ့ "

"ဟုတ်ကဲ့ CEO! "

Z ကခပ်မြန်မြန်ဘဲအဖြေ​ပေးပြီး ထွက်သွားသည် ။

မှန်နံရံတို့ဘက်သို့ မျက်နှာမူ၍သူရပ်နေသည်။ မှန်ချပ်တို့ဖြင့် ကာရံထားသောနံရံမှတစ်ဆင့် အောက်ကိုရှုကြည့်ရတာသူကြိုက်သည် ။အရာအားလုံးက သူ့အောက်မှာရှိနေတာ မြင်ရတာသိပ်သဘောကျသည် ။ အနှစ်နှစ်အလလက စောင့်ခဲ့ရတဲ့ဒီနေ့အခုရောက်လာပြီ ၊ တွေ့ကြပြီပေါ့ ' Takata chan ' ၊ နှစ်တွေအကြာကြီးခင်ဗျားတို့ကိုပျော်ရွှင်ခွင့်ပေးထားပြီးပြီ အခုကျုပ်ပေးမဲ့ငရဲကိုပြန်ခံစားချိန်ရောက်ပြီ ကောင်းကောင်းကြီးအပူခံလိုက်ကြအုံးပေါ့ အဟက်!

~~~~~~~~~~~~~~

"COE ကလက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး အခုချက်ချင်းလိုက်ခဲ့ဖို့မှာလိုက်ပါတယ်"

"ဘာ! အခုချက်ချင်းတဲ့လား၊တဖြည်းဖြည်းလွန်လာပြီဘဲ ပိုက်ဆံရှိတိုင်းသူ့စိတ်ကြိုက်အကုန်လုပ်လို့ရပြီများထင်နေလား၊ တောက်!"

"ချန်း!"

သူ့လူတွေရှေ့မှာဖြစ်သဖြင့် ဖေဖေကသူ့ကို ဟန့်တားသလိုခေါ်သည် ။ သို့ပင်မဲ့ 'ချန်း'ဒေါသကိုမရပ်နိုင်ပါ ။

ပိုက်ဆံရှိတိုင်း ဂုဏ်မောက်ပြီး သူတစ်ပါးအပေါ်လေးစားမှုလုံးဝမရှိတဲ့ကောင် ပြင်ဆင်ဖို့အချိန်တောင်မပေး၊လုပ်ပုံကိုက အနက်ရောင် ဝတ်စုံပြည့်တွေဝတ်ထားတဲ့လူ၁၀ယောက်လောက်လွှတ်လိုက်တာ ကိုယ်နဲ့လက်ထပ်မဲ့လူကိုလာခေါ်ခိုင်းဖို့တဲ့ ၊ အဲ့ထဲကခေါင်းဆောင်လိုလို တစ်ယောက်ရဲ့ခါးမှာ သေနတ်ချိတ်ထားသည်ကိုလဲ 'ချန်း' သတိထားမိသည်၊ လိုလို့လားသေနတ်က မလိုက်ဘူးပြောရင်ပစ်သတ်မလို့လားမသိ၊ မသိရင်လူဆိုးဘဲလာဖမ်းသလို

 ʜᴀᴛᴇ ᴛᴏ ʟᴏᴠᴇ ʏᴏᴜ  ( သို့ ) တိုင်း၏ပိုင်ဆိုင်ရာWhere stories live. Discover now