အပိုင်း(12)uni+zawgyi

3.4K 255 48
                                    

" ကိုယ့်ကလေးလေး ကိုယ့်ကလေးလေး တံခါးဖွင့်ပါအုန်း
ကိုယ်ဘာမှားလုပ်မိလို့လဲ ကိုယ့်ကလေးလေး ရေ "

တံခါးကို အကြိမ်ကြိမ်ထုကာ အော်ခေါ်နေသော ခေါင်ခိုက်မဟာ ကြောင့်မင်းမြတ်ကုဋေကုဋာ လည်း တံခါးကို ဖွင့်ချလိုက်တော့ နှစ်ယောက်သား အကြည့်တွေ ဆုံသွားတော့လေသည်။

" ခင်ဗျား "

သူ့ကိုရစ်သဲ့သဲ့ အကြည့်တွေနဲ့ ကြည့်နေသော ခေါင်ခိုက်မဟာကို ခင်ဗျား လို့နာမ်စားလေးသုံးကာ ခေါ်လိုက်တော့ ခေါင်ခိုက်မဟာ တစ်ယောက် မျက်နှာညိုးသွားလေ၏ ။

" ကိုယ့်ကလေးလေး  ကိုယ့်ကို ခေါင်လို့ မခေါ်တော့ဘူးလား ဟင် "

" ဘာကိစ္စ ကျွန်တော်က ခေါ်ရမှာလဲ
ဒီမှာ ခင်ဗျားတို့သားအမိ ကျွန်တော်ကို ဘာရန်ငြိုးနဲ့ များ နှိပ်စက်နေတာလဲ သားနှိပ်စက်တာ အားမရလို့
အမေက အပြောနဲ့ပါလာနှိပ်စက်နေတယ်

ဘာလဲ ခင်ဗျားက အိမ်ပေါ်ကို ခေါ်တင်လာမယ် ပြီးတော့ ခင်ဗျားအမေရဲ့ မှိုချိုးမျှစ်ချိုး စကားတွေကို ကျွန်တော်က ခံမယ် ဟက် တော်တော် လည်းတတ်နိုင်ကြတယ် "

မင်းမြတ်ကုဋေကုဋာ ရဲ့စကားလုံးတွေကြောင့် သူ့နှလုံးသားလေး နာကျင်ရပါသည်။ ခေါင်ခိုက်မဟာ
လိုချင်တာက မင်းမြတ်ကုဋေကုဋာ ဆီက ဒိီလို ခါးသီးသော
စကားလုံးမျိုးမဟုတ်ပေ။

သူဘာပဲလုပ်လုပ် ချစ်ရသူမျက်လုံးထဲ မှာ အပြစ်တစ်ခုလ်ို မြင်နေတာကတော့ ကံတရားကြီးသူ့ဘက်မှာ မရှိတာလားလို့တောင် ထင်မှတ်ရပေသည်။

" ကလေး ကလေးပြောနေတာတွေကို ကိုယ်တစ်ခုမှ မသိဘူး
ကိုယ်သိတာက ကလေးကို ကိုယ်ချစ်တယ် ဟုတ်တယ်ကိုယ်က ကလေးကို နှိပ်စက်ခဲ့ဖူးတယ် ကလေးမကျေနပ်ဘူးဆိုလဲ ကိုယ့်ကို ကြိုက်တဲ့ အပြစ်ပေးကွာ

ဒါပေမဲ့ အခုကိုယ်အဲ့ဒီ အမှားလေးတစ်ခုအတွက်  အချစ်တွေနဲ့ ပြန်ပေးဆပ်ချင်တယ်

ကလေးကိုယ့်အမေကို မကြိုက်ဘူးမလား ကလေးမကြိုက်ရင် ကိုယ် အိမ်ကိုနောက်မပေးလာဘူး

ကလေးသိထားရမှာက ကလေးအတွက်ဆိုရင် ကိုယ်က ကိုယ့်အမေကိုလည်း ဆန့်ကျင်ဖို့ဝန်မလေးဘူးဆိုတာပဲ "

ခေါင်ခေါ်ဆောင်ရာ လိုက်ခဲ့မယ်Onde histórias criam vida. Descubra agora