Part-5 (Uni)

5.7K 338 3
                                    

ထား တစ်ယောက် နောက်နေ့ကျောင်းရောက်သော် အတန်းထဲသို့ အရင်သွားပြီး 'စိမ်း' လာ၊မလာ သွားကြည့်လေသည်။ နေရာမှာထိုင်ပြီး စာရေးနေသော 'စိမ်း' ကို တွေ့မှပြုံးသွားရှာတော့သည်။

စာသင်နေရင်းလည်း 'စိမ်း' မျက်နှာလေးက်ို လှမ်းလှမ်းကြည့်နေရှာသည်။  ထို့နောက် ...

"သားတို့ သမီးတို့ ကျန်းမာရေးကို ဂရုစ်ိုက်ကြနော် ... စာမေးပွဲက နီးလာပြီ" ဟု 'စိမ်း' ကို ကြည့်၍ ပြောနေရှာသည်။

'ထား' တစ်ယောက် 'စိမ်း'က သူ့ကို ခင်လာအောင် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေလေသည်။

ဒီလိုနဲ့ စာမေးပွဲနေ့ကို ရောက်ရှိလာသည်။ 'ထား' သည် ၉ တန်း အတန်းမှူးဖြစ်သောကြောင့် စာမေးပွဲခန်းများကို လိုက်ကြည့်ရသည်။ 

'စိမ်း' ဖြေနေသော အခန်းသို့ဝင်ပြီး 'စိမ်း' ဘေးနားက နှစ်ခေါက်၊ သုံးခေါက် လောက် ဖြတ်လျှောက်ပြီး ဖြေနိုင် ၊ မဖြေနိုင် လေ့လာနေတော့သည်။

'စိမ်း' ကတော့ စာကိုသာ သည်းကြီးမည်းကြီး ကုန်းဖြေနေသည်။

စာမွေးပွဲအမှတ်စာရင်း မထွက်ခင်အထိ 'ထား' နှင့် 'စိမ်း' တို့ရဲ့ အခြေအနေသည် တိုးတက်မှုရှိမလာပေ။
'ထား' ကလည်း အဝေးကပင် တစိမ့်စိမ့် ကြည့်နေရရှာသည်။

အမှတ်စာရင်း ရလဒ်များထွက်သော 'စိမ်း' သည် သင်္ချာ တစ်ဘာသာမှ လွဲ၍ အခြားဘာသာများအားလုံး ဂုဏ်ထူးမှတ်ကျော်ပြီး အမှတ်များကောင်း
သည့် အပြင် အဆင့်(၁) ကို ရရှိခဲ့သည်။

'ထား' လည်း "ဪ .... ငါဒီလောက်တော်တဲ့ ကလေးကို စာမလုပ်တဲ့သူလို့ထင်ပြီး အများရှေ့မှာ မယုံသင်္ကာဖြစ်ခဲ့တယ်... အခုတော့ စာတော်တဲ့ကလေးကို ငါဆုချရမယ်" ဟု တွေးနေလေသည်။

နောက်ရက်ထားလည်း အတန်းထဲသို့ဝင်သွားပြီး စာမသင်ခင် ........ 
"သမီး 'စိမ်း' ရေ ..... သမီးက Tr ဘာသာမှာလည်း အမှတ်အများဆုံးဖြစ်တဲ့အပြင် အတန်းထဲမှာလည်း အဆင့်တစ်ရလို့ သမီးကို Tr က ဆုချတာ" ဟူ၍ ပန်းရောင်အရုပ်ဘောပင်အိတ် လေးကို ပေးလိုက်သည်။

'စိမ်း' လည်း အရမ်းအံ့ဩကာ ပြောမပြတတ်အောင် ဝမ်းသာသွားပြီး အပြုံးမျက်နှာလေးဖြင့် " ကျေးဇူးတင်ပါတယ် တီချယ်ရယ် ... သမီးကို အခုလို ဂုဏ်ပြုပေးလို့"
"ရပါတယ် သမီးရယ် ... နောက်လည်းကြိုးစားနော်" ဟုဆိုကာ 'စိမ်း' ခေါင်းလေးကို ပွတ်ပြီးပြောလိုက်လေသည်။

ထိုအခိုက်အတန့်သည် နှစ်ယောက်လုံးအတွက် ကြည်နူးမှုအပေါင်း သရဖူဆောင်းကာ 'ထား' စိတ်ထဲမှာလည်း "ငါ့ကို ချစ်စရာမျက်နှာလေးနဲ့ ပြုံးပြတာ ဒါ
ပထမဆုံးပဲ ... ဘယ်လောက်အပြစ်ကင်းစင်တဲ့ မျက်နှာလေးလည်း .... Tr ကို မကျေနပ်တာတွေ မေ့လိုက်တော့နော် သမီးလေး" ဟု တွေးလျက်

'စိမ်း' မှာလည်း " Tr က ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းသား ၊ နောက်ဆို Tr ကို ရင်းရင်းနှီးနှီး နေပါ့မယ်" ဟု တွေးနေလေသည်။

ထား ထွက်သွားသော နန္ဒာကလည်း "ဟဲ့... စိမ်း နင်ပျော်နေတယ်မလား ....  ငါနင့်က်ိုပြောဖို့ မေ့နေတာဟ... နင်နေမကောင်းတုန်းက tr ကို ငါခွင့်သွားတိုင်ပေးတာ  tr က သူ့ကို နင်ဆက်ဆံတာတစ်မျိုးဖြစ်နေလို့ သူ့အပေါ် ဘာများဖြစ်နေလဲလို့ ငါ့ကိုမေးတာ ငါလည်းအကုန်ပြောပြလိုက်တယ် .... အဲ့ထဲက ငါလည်းထင်သား နင့်ကိုပြန်ချော့မယ်ဆိုတာ ... tr က အပျိုကြီးပေမယ့် နွေးထွေးတတ်ပါတယ်ဟ ... နင်လည်း tr ကို ကောင်းကောင်းဆက်ဆံလိုက်ပါဟာ"

"အေးပါ 'နန္ဒာ' ရယ် ငါလည်း သူ့အပေါ် တစ်ခြားဆရာမတွေလိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ပါမယ်ဟာ ... ကျောင်းသားသစ်တွေလည်း ငါစာတော်တဲ့သူဆိုတာ သိသွားပြီပဲဟာ၊ ငါကျေနပ်သွားပါပြီ" လို့ပြောလိုက်လေသည်။

...............................................................
အပိုင်း (၆) မျှော်

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now