Part-13 (Uni)

5.7K 284 3
                                    

ဒီလိုနဲ့ 'စိမ်း' စာမေးပွဲဖြေရန် တစ်ပတ်လောက်သာ လိုပါတော့သည်။ 'စိမ်း' ကလည်း စာတွေကိုပိုအာရုံစိုက်ကာ ကျက်မှတ်နေလေသည်။

'ထား' ကတော့ အားတာနဲ့ ဘုရားတက်ပြီး အောင်မြင်တွေနင်း ကန်တော့ပွဲတွေပေးကာ 'စ်ိမ်း' ဖြေနိုင်ဖို့အတွက် ဆုတောင်းမှုတွေ ပြုလုပ်ပေးနေလေသည်။

'စိမ်း' က သူများကျောင်းမှာသွားဖြေရမည် ဖြစ်သောကြောင့် 'ထား' ပိုစိတ်ပူမ်ိသည်။  စာမေးပွဲမဖြေခင် တစ်လလောက်အလိုကတည်းက 'စိမ်း' တို့မတွေ့ဖြစ်ကြချေ။

'စိမ်း' ကြိုက်တတ်တဲ့ မုန့်လေးတွေ၊ အားအင်ဖြစ်မယ့် အစားအစာလေးတွေကို ကိုယ်တိုင်လုပ်ပြီး သွားသွားပို့တတ်သောလည်း ခြံစောင့်ဦးလေးကြီးကိုသာ ပေးထားခဲ့သည်။

'စိမ်း' မျက်နှာလေးကို အရမ်းတွေ့ချင်မှသာ ပြန်ခါနီးကားထဲမှ ဖုန်းဆက်ပြီး ဝရံတာခဏထွက်လာခိုင်းကာ ခဏတဖြုတ်ကြည့်သည်။ 'စိမ်း'က သူမနဲ့တွေ့ပြီဆိုလျှင် စာမကျက်ဘဲ တစ်ချိန်လုံးဘေးကနေသာ ချွဲနေသောကြောင့် စာကျက်ချိန်လျော့မှာစိုး၍ 'ထား' လုံးဝအတွေ့မခံပေ။

'စိမ်း' လည်း ဒီတစ်လပြီးမှ အဝချစ်မယ်လို့ စိတ်ကူးထားကာ စာများကိုသာအာရုံစိုက်ထားလေသည်။
—————————————————————
စာမေးပွဲရက်ညတိုင်း 'စိမ်း' ဆီဖုန်းဆက်ကာ နောက်နေ့ဖြေမယ့် ဘာသာတွေအတွက် အားပေးစကားများ ပြောတတ်သည်။ ဖုန်းထဲကနေ အသံချိုချိုလေးနဲ့ အမြဲ ဘွားပေးတတ်သော 'ထား' .....

ဇီဝဗေဒကို အောင်အောင်မြင်မြင်ဖြေဆိုပြီး စာဖြေခန်းထဲမှ ထွက်လိုက်သောအခါ စိတ်တို့ပေါ့ပါးလန်းဆန်းနေသည်။ စာမေးပွဲဖြေပြီးသောအခါ ပထမဆုံးသတိရမိတာ 'ထား'ကို ဖုန်းဆက်ချင်ပေမယ့် သူမလည်း စာမေးပွဲခန်းစောင့်ရတာကြောင့် ညနေမှဆက်မည်ဟုစိတ်ကူးထားလေသည်။

'စိမ်း' အိမ်ပြန်ရောက်ရောက်ခြင်း ဖုန်းဆက်လာသော 'ထား' ........
"ဖြေနိုင်လား သမီးလေး"
"တီချယ့်သမီးပဲဟာ ဖြေနိုင်တာပေါ့၊ ဒါနဲ့ တီချယ့်ကို သမီးခွင့်တောင်းစရာရှိတယ်" မရဲတရဲ အသံလေးနှင့်ပြောနေသော 'စိမ်း'
"ဘာများလဲ သမီးရယ်"
"သမီးမနက်ဖြန် သူငယ်ချင်းတွေနဲ့ လျှောက်သွားချင်လို့ ရုပ်ရှင်လည်းကြည့်ကြမယ် မုန့်တွေလည်းစားကြမှာ တီချယ်ရဲ့"
"တီချယ်နဲ့မှသွားမယ်လေ သမီးရယ်"
"တီချယ်ကမနက်ဖြန်မှ မအားတာ၊ Eco တွေဖြေတာကို တစ်ရက်စောင့်ပေးရအုံးမှာမလား၊ ရုပ်ရှင်ကမနက်ဖြန်တစ်ရက်ပဲပြတော့မှာ၊ တီချယ်နဲ့က နောက်ရက်သွားမယ်လေ"

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now