[Zawgyi]
Harry တို့ နေရမယ့်Dracoရဲ့စံအိမ်သို့ရောက်လာကြလေပြီ။
ခြံရှေ့ရောက်တာနဲ့ခြံထဲကအလုပ်သမားကောင်လေးကခြံတံခါးကိုအပြေးအလွှားဖွင့်လာသည်။အိမ်ကြီးဟာ အရမ်းကျယ်ဝန်းပြီးလူ၃၊၄ယောက်နေရင်တောင်တစ်အိမ်စီခွဲနေရသလိုအခန်းတွေဟာကျယ်လွန်းနေသေးသည်
ပြီးတော့ Harryဒီအိမ်ကြီးမှာနေရတာမိမိရဲ့အခန်းကျဉ်းလေးလောက်တောင်သက်သောင့်သက်သာမရှိပဲအထီးကျန်သလိုခံစားရတယ်။
ဒါပေမယ့်Dracoရှိတဲ့နေရာလို့တွေးလိုက်ရင်ကိုသူ့နှလုံးသားနွေးထွေးသွားရပါသည်။"Harry Sirenရဲ့အိတ်တွေပါသယ်ပေးလိုက်နော်
သူကမိန်းကလေးဆိုတော့သယ်ရတာအဆင်မပြေဘူး""အွန်း သယ်ခဲ့ပေးပါ့မယ် Draco"
"အိုး...အ့ဆိုကျေးဇူးတင်ပါတယ် Harryနောက်လဲကျမကိုကူညီပေးပါဦး"
Sirenaကနောက်လဲလုပ်ပေးရမယ်ဆိုတဲ့ပုံနဲ့ပြောကာ Dracoနဲ့အတူထွက်သွားလေသည်။
Harryလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
Dracoတို့အိမ်ထဲဝင်သွားတော့အလုပ်သမားကောင်လေးကအနားကိုရောက်လာပြီး"အကိုလေးကျနော်သယ်ပေးပါ့မယ်"
"ရတယ်...ရတယ် အကို့ဘာသာသယ်ပါ့မယ်
အကိုလေးလို့မခေါ်ပါနဲ့သိပ်မှမကွာတာဒီတိုင်းHarryဒါမှမဟုတ် အကိုလို့ခေါ်ရင်ရပါတယ်ကွာ""ဟီး... ဟုတ် ကျနော့်နာမည်က Joonပါအကိုလေး...အဲမှားလို့...အကိုလို့ပြောတာ"
Harryလဲရယ်လိုက်ပြီးအိမ်ထဲဝင်လာလေသည်။
Joonစိတ်ထဲ Sirenaဆိုတဲ့မိန်းမကြီးကိုတစ်စက်မှကြည့်မရပေ အကိုလေးကိုလဲအကြောကြီးနဲ့ပြောသွားပြီးနှုတ်ခမ်းကလဲဘဲနှုတ်သီးလိုထော်နေတဲ့အပြင် make-upတွေကလဲခြစ်ချလို့ရလောက်သည်။
သခင်လေးကလဲဒီလောက်သေဘောကောင်းပြီးချစ်စရာကောင်းတဲ့အကိုလေးထက် အဲ့မိန်းမကြီးကိုဘာလို့ဦးစားပေးနေရတာလဲမသိဘူးသခင်လေးမျက်စိမကောင်းတော့တာများလား။"Harryမင်းကဟိုဘက်ခန်းမှာအိပ်လိုက်အဲ့မှာအကုန်အစုံအလင်ရှိပြီးသား"
"ဟင်?..."
"ဘာလဲ...အဆင်မပြေဘူးလား"
"အာ...ပြေပါတယ်"
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...