[Zawgyi]
Harryခြံထဲကဒန်းမှာတစ်ယောက်ထဲထိုင်ရင်းအတွေးတွေလွင့်မျောနေမိတယ်။
ဖြစ်နိုင်ရင်ဟိုးအစကိုပြန်သွားပြီးအစ်ကို့ကိုချစ်ကြောင်းပြောချင်မိပါရဲ့။အခုတော့အရာအားလုံးနောက်ကျသွားခဲ့ပြီ။
အခုဆိုသူ့ဘက်မှာဘယ်သူမှမရှိတော့၊ကလေးတွေကလဲ Dracoဆီမှာသားငယ်လေးကလဲသူ့ကိုစိတ်ဆိုးနေလေသည်။
ဘယ်လိုလုပ်မှသူအေးချမ်းနိုင်မှာလဲပူလောင်လွန်းတဲ့ဒီဘဝကြီးကိုသူမလိုချင်တော့ပေ။
ကလေးတွေကြောင့်သာသူတောင့်ခံနေနိုင်တာပါ။အတွေးတွေမျောနေလိုက်တာရုတ်တရပ်ဖုန်းသံကြားမှပဲသတိပြန်ကပ်တော့သည်။
"hello"
"ပါပါး ဟင့်...ငယ်ငယ်နေမကောင်းဖြစ်ပြီးအပူတွေကြီးနေလို့ဆေးရုံတင်ထားရတယ်"
"ဘယ်လို ပါပါးခုပဲလာခဲ့မယ်နော်စိတ်မပူနဲ့နော်သမီးလေး"
Harryချက်ချင်းပဲကားကိုအမြန်နှုန်းနဲ့မောင်းလာမိတော့သည်။
လမ်းမှာမီးပွိုင့်တွေဘယ်လိုကျော်လာလဲသူ
မသိတော့ပါ။
သားငယ်လေးကိုသာစိတ်ရောက်နေမိသည်။
တစ်ခါမှမဖျားဘူးတဲ့ကလေးကဘာတွေများဖြစ်လို့ပါလဲ။စိတ်ထဲမှာလဲအရင်တစ်ခါလိုဖြစ်မည်ကိုစိုးရိမ်နေမိသည်။ဟိုရောက်တော့သားငယ်ကသတိမရသေးပေ
Dracoမှာလဲမျက်ရည်နဲ့မျက်ခွက်သူမှားတာပါအဲ့နေ့ကသူသာငယ်ကိုရအောင်ခေါ်ထားပေးနိုင်ခဲ့ရင်သားငယ်လေးဒီလိုဖြစ်မှာမဟုတ်ပေ။
"သားငယ် ဘယ်လိုဖြစ်ရတာလဲ ပါပါးသားလေး"
"ကိုယ့်အမှားပါငယ်ကိုယ်သေချာဂရုစိုက်ခဲ့သင့်တာ ငယ်ပြန်ပြီးနောက်နေ့ထဲကသားငယ်ကအစားသိပ်မစားဘူးဆော့တော့လဲသိပ်မဆော့ပဲငြိမ်ငြိမ်လေးပဲနေနေတာညနေပိုင်းရောက်တော့ဖျားသွားတာ ဆရာဝန်နဲ့ပြပေးလိုက်တာအဖျားပြန်ကျသွားပေမယ့်
မနက်ကျတော့အဖျားပြန်တက်လာပြီးအပူတွေကြီးလို့သတိလစ်သွားရတာ ကိုယ်သတိမထားခဲ့လို့ဖြစ်ရတာပါ..."ပြောနေတုန်းသားငယ်လေးကလှုပ်ရွလာပြီးသတိပြန်လည်လာလေသည်။
"ပါပါး...ဟင့်"
ပထဆုံးနိုးလာပြီးချင်းသူ့ကိုခေါ်လိုက်တဲ့သားကြောင့်ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...