May

2.7K 518 20
                                    

May 1.

မေ ~ ။
အဲ့ဒါက ကဗျာဆန်တဲ့မိန်းကလေးတစ်ယောက်ရဲ့ နံမည်နဲ့မတူဘူးလား ။ နံမည်တစ်လုံးထဲရှိတဲ့လလို့တွေးမိရင်သူကမေလကိုအမြဲမေ့နေတတ်ခဲ့ပါတယ် ။ တစ်ချိန်မှာ မေလို့ခေါ်တဲ့နံမည်မျိုးနဲ့အမျိုးသမီးကို သူချစ်ကြည့်ဖူးချင်တယ် ။ အဲ့နံမည်လေးခေါ်ရတာဘယ်လောက်တောင် နူးညံ့နေလိမ့်မလဲ ။

🌵

စာရင်းတွေကိုအာရုံစိုက်တွက်နေတုန်း ဘေးနားပစ်ချလာတဲ့ဖိုင်ထပ်တွေကြောင့်သူစိတ်ပျက်မိသွားတယ် ။ စာရင်းတစ်ခုစစ်နေရင် သူ့ကိုနှောက်ယှက်တာမျိုးက အတော်လေးစိတ်ခုစေတယ် ။

"ဒါကိုဒီညအပြီးလုပ်ထားလိုက် "

"ပြဿနာမရှိပါဘူး "

အဖွဲ့မှုးကသူ့ကိုအတော်လေးမျက်မုန်းကျိုးနေတယ်လို့ထင်ရပေမဲ့ အကြောင်းပြချက်ကိုသူမသိ ။ သိစရာလည်းမလိုဘူးလို့ထင်တာပါပဲ ။ နောက်ကွယ်ကအတင်းအဖျင်းတွေ ၊ မကောင်းတဲ့ခံစားချက်တွေကို သူနဲ့မဆိုင်သလိုပဲသူတွေးထားတယ် ။ ပြင်ဆင်နိုင်မှာမဟုတ်တဲ့ ပြစ်ချက်တွေကိုနားထောင်ရတာ အချိန်ကုန်ပြီးအကျိုးလည်းမရှိဘူးလေ ။

ရှောင်းကျန့်နေ့လည်စာမထည့်လာတာမို့ ကိတ်အချို့ကို Deli နဲ့မှာလိုက်တယ် ။ နို့ကိတ်အသေး
တစ်လုံးလောက်ဆို သူဝပေမဲ့ထုံးစံအတိုင်းနှစ်ခုမှာလိုက်တယ် ။

အလုပ်ကိုဆက်လုပ်နေရင်း သူဆာလောင်လာတဲ့အချိန်နဲ့ Deli အကြောင်းကြားတဲ့အချိန်ဟာကွက်တိ ။ ရုံးအောက်ကို ပျော်ပျော်ရွှင်ရွှင်ပြေးဆင်းသွားလိုက်ပြီး ကိတ်တစ်လုံးကို Deli ကောင်လေးဆီပေးတဲ့အခါ ကောင်လေးကအားနာစွာငြင်းတယ် ။

"မကြိုက်လို့လား...  ငါမင်းအတွက်ဝယ်ထားတာ"

"ဗျာ? "

"ဒီအပူချိန်ထဲလာပို့ရတာမင်းပိုပင်ပန်းမှာပဲလေ  အားနာလို့ဆိုရင်တော့မလိုပါဘူး မင်းစားလို့ရတယ်ဆိုရင်ယူသွားပြီးစားလိုက်ပါ "

ကောင်လေးကသူ့မုန့်ကိုလက်ခံယူလိုက်ပြီးကျေးဇူးတင်စကားပြောတယ် ။

"ဒါက ဖောက်သည်အတွက်လက်ဆောင်ပါ ၊ ဒီ..ဒီနေ့ ဆိုင်မှာအထူး Promotion ရှိတော့သတ်မှတ်ထားတဲ့လူဦးရေရောက်ရင် ဖုန်းမဲဖောက်ပေးတာပါ ၊ လူကြီးမင်းကံထူးသွားတော့ကျွန်တော်တစ်ခါထဲယူလာခဲ့တယ် "

~ 𝒴𝑒𝓈 𝒴𝑜𝓊 𝒶𝓇𝑒 𝓈𝓉𝒶𝓇𝒾𝓃𝑔 𝒶𝓉 𝓎𝑜𝓊𝓇 𝒷𝑒𝓉𝓉𝑒𝓇 𝒽𝒶𝓁𝒻~Where stories live. Discover now