June

2.6K 503 27
                                    

June 15.

June ။ သူကစတိုင်ကျတဲ့ ဝတ္ထုဇာတ်ဆောင်တစ်ယောက်နဲ့တူတယ် ။ ရှောင်းကျန့်ငယ်ငယ်က သူ့ကို ဂျုံးလို့အသံထွက်မိတဲ့အခါ ဆရာမကရယ်ဖူးတယ် ။ ဘာအသံမှမထွက်နိုင်တဲ့အတန်းဖော်တွေကလည်း သူမှားကြောင်းသိသွားတဲ့အခါလိုက်ရယ်ကြတယ် ။ ကလေးတွေကအမြဲချစ်စရာကောင်းတာပဲမဟုတ်ဘူးလား ။

🍃

ဒီနေ့ကြည့်ခဲ့မိတဲ့ရုပ်ရှင်ကားက BL ဇာတ်လမ်းတစ်ပုဒ်ပဲ ။ ဒီဇာတ်လမ်းကအတော်လေးမဆိုးဘူးလို့ထင်တယ် ။ တော်ရုံဇာတ်လမ်းတွေကိုမကြိုက်တတ်ပေမဲ့ ဒီကားကတော့အတော်လေးပေါ့ပါးပြီးလူငယ်အကြိုက်မျိုးပဲ ။ သူရုပ်ရှင်ကိုမပိတ်ဘဲ ဇာတ်လမ်းအကြောင်းတွေးနေရာကနေ Click ကိုနှိပ်မိသွားတယ် ။ ဝေ့ရှင်းကနေသူငယ်ချင်းတွေဆီကို မျှဝေဖို့အတည်ပြုစာပေါ်လာတော့ပယ်ဖျက်တဲ့အကြောင်းသူနှိပ်လိုက်တယ် ။ အလျင်လိုနေတာမို့ သူဖုန်းကိုအဆက်မပြတ်နှိပ်လိုက်မိတာက တလွဲဖြစ်စေခဲ့ပြီ ။ Acc သစ်ထဲမှာ Friend က တစ်ယောက်ထဲရှိတာမို့ ဘယ်သူ့ဆီရောက်သွားတယ်ဆိုတာ သွားကြည့်နေစရာတောင်မလိုဘူး ။

"သွားပြီ "

သူက straight တစ်ယောက်ဆိုရင်ရော?
ရှောင်းကျန့်ကိုထူးဆန်းတယ်လို့မြင်ပြီး ခါးသီးသွားလောက်တယ်မလား ။ တစ်ခုခုပြင်ဆင်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့သွားကြည့်လိုက်တယ် ။ ကောင်လေးကချက်ချင်းဝင်ဖတ်သွားပြီ ။

-ငါမှားပို့လိုက်မိတာတောင်းပန်ပါတယ် -

စာကိုပို့ဖို့ချိတုံချတုံဖြစ်နေတုန်းမှာပဲ ကောင်လေးဆီကစာဝင်လာတယ် ။

- အဲ့ဒါနံမည်အရမ်းကြီးနေတာပဲ  ကျွန်တော်ခေါင်းကိုအဖြူရောင်ဆိုးသင့်လား ဒါမှမဟုတ်ရွှေရောင်?  -

ရှောင်းကျန့်စိတ်အေးသွားပြီးစာတွေကိုပြန်ဖျက်လိုက်တယ် ။ ဇာတ်ကားရဲ့ Male Lead နဲ့ Second Male Lead က ရွှေရောင်နဲ့အဖြူရောင်ဆိုးထားတာကိုသူအားကျနေတာပဲ ။ ရိပေါ်က Straight မဟုတ်ရင်တောင် Top ဘက်သွားတဲ့သူထင်ပါရဲ့ ။ ရှောင်းကျန့်ကတော့ အခုထိဒါကိုမတွေးရသေးပေမဲ့ ဘယ်လိုနေနေအဆင်ပြေမယ်လို့ထင်တယ် ။ ယောကျာ်းတွေကိုတော့ဦးမဆောင်ချင်ဘူး ။ အရမ်းလှပြီးနူးညံ့တဲ့ကောင်လေးတွေဆိုရင်တော့ အနည်းငယ်ကွာခြားလိမ့်မယ် ။ ရိပေါ်က နူးညံ့ပြီးသေးကွေးတဲ့ကောင်လေးမဟုတ်ဘူး ။

~ 𝒴𝑒𝓈 𝒴𝑜𝓊 𝒶𝓇𝑒 𝓈𝓉𝒶𝓇𝒾𝓃𝑔 𝒶𝓉 𝓎𝑜𝓊𝓇 𝒷𝑒𝓉𝓉𝑒𝓇 𝒽𝒶𝓁𝒻~Where stories live. Discover now