Part 4 (Z)

249 7 0
                                    


အပိုင်း-၎

လင်းရိပ်။ မှန်ရှေ့---ထိုင်ရင်း---ခေါင်းဖြီးနေသည်။ မှန်ထဲက၁၆နှစ် အရွယ် ဒီပုံရိပ်ကိုသဘောကျဘူး။ သူမ မျက်လုံးမှီတ်လိုက်သည်။

၃စက္ကန့်အကြာ မျက်လုံးပြန်ဖွင့်လိုက်သည်။

အဖြူစွပ်စွပ် ဆံပင်ရှည်များက ကြမ်းပြင်ပေါ်တွင် ပုံလို့နေသည်။ ကြည်လင်နေသော အသားအရည်။ မှန်ထဲကသူမ ပုံရိပ်။

မဆိုးပဲ နီရဲနေတဲ့နူတ်ခမ်း။ မျက်ခုံးမထူမပါးနှင့် အေးချမ်းမူ့ကိုဆောင်နေတဲ့မျက်ဝန်း။

ပြီးတော့ နားထင်ကနေ သွယ်ဆင်းနေတဲ့အစိမ်းရောက်နွယ်ပင်သေးသေးလေး။

ဆွေးမြေ့မူ့ရစ်သိုင်းနေတဲ့ သူမခံစားချက်က မျက်နှာထက်မှာပေါ်နေသည်။

လေချွန်သံ တချို့ထွက်ပေါ်လာပြီးနောက် သူမ မှန်သားပေါ်မှာပဲ. အဖြူရိပ် မိန်းကလေးတစ်ယောက် ပေါ်လာသည်။

“သခင်မ”

သူမ

“ဘာကိစ္စလဲ”
ဆိုတော့

သူမကိုပြုံးပြသည်။ လင်းရိပ် မျက်မှောင်ကုတ်သွားသည်။ ဖြေးဖြေးချင်းလှည့်ကြည့်

“သူပြန်ရောက်လာပြီ---” လင်းရိပ် တစ်ချက်ယိုင်သွားသည်။

“သူပြန်လာပြီ. မနေ့ညက ရွာထဲကိုရောက်လာပြီ။ သခင်မ---အတွက် သူနောက်တစ်ခေါက်ပြန်လာပြီ”

ဆိုတော့ ပျော်ရွင်မူ့ကြောင့်မျက်ရည်များဝဲတက်လာသည်။ ချက်ချင်းကိုပြေးသွားလိုက်ချင်သည်။

ခြေလှမ်းလိုက်ပြီးတော့မှ သူမ သတိရသွားတယ်။
အခုက။ နောက်ကိုလှည့်ပြီး မှန်ထဲကြည့်လိုက်တော့ မဖြစ်ဘူး။

လူတစ်ယောက်အသွင် နည်းနည်းလေးမှမရှိမနေတဲ့သူမ အခုလိုပုံစံနဲ့.

ပြီးတော့။ သူရောက်လာတယ်ဆိုတာက----။ သူမ တို့အတွက် နောက်တစ်ကြိမ် ကံကြမ္မာဆိုးလား။

တဖြေးဖြေးညှိုးငယ်သွားတဲ့ သူမ ကို ကြည့်နေသည့်။

“သခင်မ”

အစိမ်းရင့်ရင့် ;;;;;;;သွေးမိုး (GL-Z+U)Donde viven las historias. Descúbrelo ahora