Part 14

489 31 0
                                    

Unicode version

💚အစိမ်းရင့်ရင့်....သွေးမိုး💚

အပိုင်း---၁၄

လင်းရိပ်။ နှစ်ရက်တိတိ အခန်းထဲက မထွက်ခဲ့သလို။ စစ်လွန်းလဲ  အပြင်ကနေ စောင့်ရင်းထွက်မလာတော့လှည့်ပြန်ခဲ့ရတော့သည်။

ထိုနေ့ကသူမ ပျော်ရွင်ပြီးပြန်လာနိုင်ပေမယ့် နောက်ရက်ကတော့ သူမကိုထွက်မတွေ့တော့ပေ။

ထို့ကြောင့် မှားသွားပြီလားလို့ထင်မိတာ။ လက်ဆောင်ပြန်ပေးတာက တကယ်မလိုအပ်ဘူးလား။

သက်ပြင်းချရင်း စောင့်ရင်းတစ်ရက်နေဝင်တစ်ရက်ကုန်ဆုံးသွားတော့သည်။

အဲ့နေ့ကစပြီးတစ်ပါတ်လောက်ထိ လင်းရိပ်ကို‌မတွေ့ရတော့ စစ်လွန်း လက်လျော့လိုက်သည်။

လင်းရိပ်။ အခန်းတံခါးပိတ်ပြီး တောထဲမှာ ပုန်းနေတာဖြစ်သည်။

တွေ့ရမှာ ရှာတယ်။ တွေ့ရင်ကော ဘာပြောရမလဲ မသိတဲ့အခြေအနေကြီးမှာ မတွေ့တာပဲကောင်းသည်။

ဒါပေမယ့် သူရောက်ရောက်လာတာကို တွေ့နေရတော့ ငိုချင်တယ်။ မလာတော့ရင်ကောင်းမယ်ဆိုမှ။

ဒီနေ့တော့ ရောက်မလာတော့ဘူး။ အဲ့လိုကျတော့လဲ ဝမ်းနည်းပြန်ရော။

"ညီမလေး" ဆိုတော့ လင်းရိပ် ဆတ်ခနဲတုန်သွားသည်။

"ဘာဖြစ်တာလဲ ညီမလေးရဲ့။"

လင်းရိပ်လှည့်ကြည့်လိုက်သည်။ ခေါင်းခါရမ်းရင်းနောက်ဆုတ်လိုက်တော့ ဆောင်းကပြူံးရင်း

"ဘာဖြစ်တာလဲ ညီမလေးကအမြဲတမ်းကြောက်နေသလိုလို"

လင်းရိပ်က။
"မမ ဘာကိစ္စရှိလို့လဲ"

ဆိုတော့

"မနက်ဖန် ...ရွာထဲဆင်းမှာ။ လမ်းမကောင်းတဲ့ကိစ္စ အတွက် အလုပ်သမားသွားရှာမှာ။ ညီမလေး ကိုလာအကြောင်းကြားတာ"

"ဟူတ်ကဲ့ မမ "

"ညီမလေးတော့မလိုက်ဘူးထင်တယ်"

ဆိုတော့ ခေါင်းညိတိလိုက်သည်။

"ညီမလေးက နည်းနည်းလေး ရင်းရင်းနှီးနှီနေပါအုံး"

အစိမ်းရင့်ရင့် ;;;;;;;သွေးမိုး (GL-Z+U)Where stories live. Discover now