ပစ္စုပ္ပန် ပစ္စက္ခ

1.7K 127 25
                                        

[Unicode]

ဟယ်ရီ ဆင့်ကဲဆင့်ကဲ နိုးထလာခဲ့၏။

သူ့စိတ်က မျောလွင့်နေဆဲဖြစ်သော်ငြား သူသတိမူမိလာသည့် အဦးဆုံးအရာများမှာ သူ့ကိုယ်ခန္ဓာအနှံ တငြိမ့်ငြိမ့် ပျံ့နှံ့လွှမ်းခြုံထား​သော အေးအေးလူလူဖြစ်နေသည့်၊ အာသာရမ္မက်တို့ ဝအီနေသည့်၊ ပျော့ခွေနေသည့်၊ တဖန်ပြန်လည် အမွေးဖွားခံထားရသလို ကိုယ်လုံးတီးဖြစ်နေသည့် ခံစားမှုများ။ မျက်စိနှစ်ဖက် မှိတ်လျက်သား ပြုံးလိုက်ပြီး တင်းပြည့်ကျပ်ပြည့်ဖြစ်နေသော ပစ္စက္ခအခြေအနေ၏ အကြောင်းရင်းကို ပြန်ပြောင်းတွေးတောကြည့်၏။

အတိတ်အကြောင်း ပြောရင်းဆိုရင်း တဖြည်းဖြည်းနှင့် အိပ်ရာတခုတည်းတွင် အိပ်စက်လာကြရင်းဖြင့် သူနှင့်ဒရေကိုတို့ ပွင့်ပွင့်လင်းလင်းရှိလာကြကတည်းက ဟယ်ရီ့အိပ်မက်ဆိုးတွေ မက်ကြိမ်နည်းလာပြီး များစွာပို၍ ဝေဝေဝါးဝါးဖြစ်လာခဲ့သည်။ ညဘက်တွေဆိုလျှင် သူ တချိုးတည်း အိပ်ပျော်သွားတတ်ကာ အော်ဟစ်ပြီး လန့်နိုးမလာဖြစ်တော့။ အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေနိုင်သည့် အိပ်ဆေးတွေ သောက်နေခဲ့တုန်းကထက် သူ အမှန်တကယ် ပိုလို့ ကောင်းကောင်းအိပ်ပျော်လာပြီး ယင်းမှာ အားလုံးဒရေကို့ကြောင့်ဟု ဟယ်ရီ သိနေ၏။

နောက်ထပ် သူသတိမူမိသည့်အရာမှာ သူနှင့်တိုးဝှေ့ရှိနေသည့် နူးညံ့ပျောင်းပျော့သော ခန္ဓာကိုယ်တခု၏ အနွေးဓာတ်။ ပြစ်ချက်ကင်း လိုက်ဖက်နေမှုအဖြစ် ဗနီလာနံ့နှင့် ဘားပမော့နံ့တို့ရောရာက ရစ်သီရစ်သီနှင့် သူ့ဂန္ဓာရုံတွင် ထုံသင်းနေ၏။ ဒရေကို ။ ဟယ်ရီ့လက်တို့က ဒရေကို့ခါးတွင် ဝိုက်လျက်သား အလိုအလျောက် တင်းကျပ်သွားသည်။ ကောင်လေး၏ ကုပ်ပိုးတွင် ခေါင်းစိုက်ကာ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်၏။ သူ ဘယ်တော့မှ၊ ဘယ်သောအခါမျှ ဒရေကို့ကို ရောင့်ရဲလိမ့်မည်မဟုတ်၊ သူ မရောင့်ရဲနိုင်။

မျက်လုံးကို လေးတိလေးကန် ဖွင့်လိုက်၏။ ဟယ်ရီ ယခု တင်းကျပ်ကျပ်ပြည့် နိုးလာပြီဖြစ်သည်။ ပြတင်းပေါက်မှ တိုးဝင်လာသည့် စူးရှရှ နေခြည်မျှင်တန်းတို့ကြောင့် သူ မျက်စိကို မှေးကျဉ်းလိုက်၏။ ယမန်နေ့ညခင်းပိုင်း ဖြစ်စဉ်တို့ကို ပြန်ဖော်တွေးရန် နောက်ထပ်အချိန်တခဏမျှ သူ စိတ်ကို စေစားလိုက်သည်။

အဋ္ဌမနှစ် [ မြန်မာပြန် ]Où les histoires vivent. Découvrez maintenant