သု တျာ # သု တြာ (Part -7)

33.5K 2.5K 99
                                    

Part - 7

                     သု တျာ

ညမိုးချုပ်မှ အိပ်ယာကနိုးလာတာမို့ လူက နည်းနည်းတော့ နုံးနေသလိုခံစားလိုက်ရပါတယ် ။ ရေချိုး
ဖို့ထလိုက်ပေမယ့် ခြေထောက်ကနာနေတာမို့ အ
သာထိန်းပြီးထနေတဲ့အချိန် အခန်းထဲဝင်လာတဲ့ ဆက် က ကိုယ့်အနားကိုအပြေးလာရင်း ---

" ဘာလုပ်ဖို့လဲ သုတျာ "

" ငါရေချိုးမလို့ "

" ခြေထောက်က နာနေသေးတာလား "

" နည်းနည်းတော့နာတယ် ဖြစ်ကာစမို့နေမှာပါ "

" နာမှာပေါ့ ဆေးမှမလိမ်းတာ လာခဲ့ ငါရေချိုးခန်းထဲခေါ်သွားပေးမယ်

" အဲလောက်မလိုပါဘူးဆက်ရယ် ငါ့ဘာသာ လျှောက်နိုင် အမေ့! !! "

ကိုယ့်စကားတောင်မဆုံးသေးခင် ဂျိုင်းအောက်နဲ့ ခြေထောက်ကနေပွေ့ချီတာခံလိုက်ရတာမို့ သုတျာ အလန့်တကြားအော်လိုက်မိပါသည် ။ ကိုယ်ကိုများ ပွေ့ချီလိုက်တာ ကလေးတစ်ယောက်ကိုချီလိုက်သလိုမျိ သူပုံစံကသက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးရယ် ။ကိုယ်မှာသာ အလန့်တကြားဖြစ်ရတာ ။ စိတ်
တိုလာတာနဲ့ ဆက် ရင်ဘက်တွေကို အဆက်မပြတ် တဘုန်းဘုန်းထုလိုက်ရင်း ---

" မင်းဘယ်လိုဖြစ်လို့ ခြေမြန်လက်မြန်လုပ်နေတာ
လဲ ၊ လန့်လိုက်တာ "

" အကောင်းမို့လဲ ချီခေါ်ရသေးတယ် ၊ ခြေထောက်နာမှာစိုးလို့လေ "

ပြောရင်းနဲ့ရေချိုးခန်းထဲရောက်တဲ့အခါ ပွေ့ချီထားရကနေ bathtub ထဲ ထည့်ပေးပြီး ---

" အင်္ကျီချွတ် ပြီးရင်ရေဖြည့်ပေးမယ် "

ဆက် စကားကြောင့် bathtub ထဲကနေမော့ကြည့်
လိုက်ရင်း ---

" ငါဘာသာလုပ်မယ် မင်းအပြင်ထွက်တော့ "

" ငါလုပ်ပေး ---"

" ဆက် !! အခုအပြင်ထွက်ဆိုထွက်လိုက်တော့နော် စကားမများနဲ့ ၊ ငါဒေါသထွက်မလာခင် အခုထွက် "

" အေးပါကွာ Baby ကလည်းစိတ်ကြီးပဲ ၊ ထွက်ဆိုလဲ ထွက်ပေးပါ့မယ် ၊ အခုရက်တွေထဲ ဘာဖြစ်နေလဲသာမသိတယ် သူ့စိတ်ကြီးပဲ "

" သု တျာ " (Completed)Donde viven las historias. Descúbrelo ahora