Part - 17
သုတျာ
အချိန်တွေကို မသိလိုက်မသိဖာသာဖြတ်သန်းလာရင်းနဲ့ အောင်စာရင်ထွက်မဲ့ရက်ကိုရောက်လာပါတော့တယ် ။ သုတျာရောကိုယ်ရောက စာမေးပွဲအတွက် ပူစရာမလိုတဲ့သူတွေမို့ မနက်အစောကြီးတောင် အိပ်ယာမထခဲ့ ။ အိမ်ကဖေဖေနဲ့မေမေကတော့ မနက် ဖက်အစောကြီး အောင်စာရင်းသွားကြည့်ခဲ့တာမို့
ကိုယ်တွေ အိပ်ယာနိုးလာတော့ အောင်စာရင်းကသိနေရပြီ ။အစထဲကမှန်းထဲတဲ့အတိုင်း သုတျာက အင်္ဂလိပ် ၊ဓာတု ၊ ရူပ သုံးဘာသာဂုဏ်ထူးပါသလို ကိုယ်က
ဘာသာစုံဂုဏ်ထူးနဲ့အောင်ခဲ့ပါတယ် ။ ဒေဗစ်နဲ့ သရဖီကတော့ ဂုဏ်ထူးတစ်ယောက်တစ်ခုစီပါခဲ့တာမို့ နှစ်အိမ်စလုံး အပျော်တွေအပြည့် ။သုတျာကတော့ တက္ကသိုလ်ဝင်ခွင့်ဖောင်ဖြည့်တဲ့
အချိန်ကျရင်က Eမေဂျာတက်မယ်လို့ ပြောလာတာကြောင့် ဆက် ကလဲ ကိုယ့်ကလေးနဲ့အတူတူ
Eမေဂျာလျှောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ။
ဒီဆုံးဖြတ်ချက်အတွက် ပထမဆုံးအတိုက်အခံပြောရသူကတော့ ဖေဖေနဲ့မေမေပါပဲ ။ မိဘတွေရဲ့သဘောက အဒေါ်တွေရှိတဲ့ အင်္ဂလန်မှာကျောင်းသွားတက်စေချင်တာ ။ ကိုယ်ကမတက်နိုင်ပါဘူး ခါးခါးသီးသိီးငြင်းတဲ့အခါမှာတော့ ဆေးတက္ကသိုလ်ကိုရွေးချယ်ဖို့နားချကြပါတယ် ။ဆက် အတွေးကတော့ရိုးရှင်းပါတယ် ။ အချိန်တန်ရင် မိသားစုစီးပွားရေးကိုဦးဆောင်ရမယ့်ကိုယ့်အနေနဲ့
ဘယ်တက္ကသိုလ်ရဲ့ ဘွဲ့ရဆိုတာက ဘာများအသုံး
ပြုလို့ရမှာလဲ ။ နောက်ပြီး တက္ကသိုလ်နယ်မြေထဲ
ကိုယ့်ကြောင်ပေါက်လေးကို တစ်ယောက်ထဲ စိတ်
ချလက်ချလွှတ်လိုက်ရအောင်အထိ ကိုယ်က မရူး
သေးဘူးလေ ။ဒီနှစ်အတွင်းမှာကိုယ့်ကလေးက သိသိသာသာကို
ကြည့်ကောင်းတာထက်ပိုပြီးတော့ကို ချောမောပြည့်စုံတဲ့ယောက်ျားလေးတစ်ယောက်ပုံစံဖြစ်လာပြီ ။
ကိုယ်မျက်စိအရှေ့မှာရှိနေရင်တောင် စိတ်မချရတော့တာကို ကွယ်ရာမှာ တစ်ယောက်ထဲလွှတ်ထားစရာလား ။ ကြိုတင်ကာကွယ်ဖို့အတွက် သူ့အနားမှာ ကိုယ်ကအချိန်ပြည့်ရှိနေဖို့ လိုကိုလိုနေပြီ ။
YOU ARE READING
" သု တျာ " (Completed)