🐯 Baby Kookie 🐰 [1]

6K 312 71
                                    

🐯 Unicode 🐰


{ဂျောင်ဂုကိုစကားမပီတဲ့ကလေးလေးအဖြစ်နဲ့ရေးသွားမှာဖြစ်ပါသည်}

"တိုတိုရေ..တိုတို..အ့..အီးဟီး"

အိမ်ပေါ်မှာအိမ်စာလုပ်နေရင်းအောက်ကကုကီးလေးရဲ့ငိုသံကြားတာကြောင့် အလန့်တကြားအပြေးဆင်းလာမိသည်။ ကုကီးနဲ့သူနဲ့ကညီအကိုတစ်ဝမ်းကွဲတော်သည်။ သူ့အတွက်တော့ချစ်စရာကောင်းတဲ့ညီလေးအချွဲလေးပေါ့။ သူကကုကီးကိုအရမ်းချစ်သလိုကုကီးကလည်းသူ့ကိုအရမ်းချစ်သည်။

"ကုကီးဘာဖြစ်တာလဲ!"

"ဟင့်..တိုတို..ဒီခုံရီးသားကိုလုပ်တာ"

စကားမပီတပီလေးနဲ့သူ့ကိုပြောလာတဲ့ကုကီးလေးကတစ်ကယ့်ကိုဆွဲဖြစ်ပစ်ချင်စရာလေး ခုံကိုလည်းလက်ငြိုးနဲ့ထိုးပြထားသေးလေရဲ့

"အာ..ဒီခုံလားကုကီးလေးကိုလုပ်တာ"

"အွန်း..ဟုတ်ရယ်..ကုကီးကိုလုပ်လို့တိုတိုကလေအဲ့ခုံရီးကိုများများရိုက်ပစ်"

ချွဲနွဲပြီးပြောလာတဲ့ကုကီးရဲ့ပုံလေးကမိန်းကလေးတွေထက်များစွာချစ်စရာကောင်းသည်။

ထယ်ယောင်း အူယားကာကုကီးလေးကိုပေါင်ပေါ်တင်ပြီး

"ကိုကိုလုပ်လိုက်မယ်နော်..အင့်ဟယ်..အင့်ဟယ်"

"ခစ်ခစ်..ဟီးဟီး"

တစ်ကယ့်မနိုင်စိန်ယုန်ပေါက်ကုကီးလေးကခုံကိုရိုက်နေပြန်တော့လည်းတစ်ဟီးဟီးတစ်ခစ်ခစ်နဲ့ရီနေပြန်သည်။

"ဟီးဟီး..တိုတိုကအရူးရီး..ခုံကအသက်မရှိတဲ့ဟာတိုရိုက်နေရယ်..ခစ်ခစ်"

ထယ်ယောင်းထိုစကားကြောင့်ကုကီးလေးပါးကိုတစ်ချက်ဆွဲညစ်ကာ ပြုံးပြလိုက်သည်။ သူပဲရိုက်ပစ်ပြောပြီးအခုကြကိုယ့်ကိုအရူးကြီးတဲ့ကုကီးကလေတစ်ကယ့်ကိုအလည်လေး

"ဟုတ်တယ်ကိုကိုကအရူးကြီးကုကီးတစ်ယောက်ထဲကိုချစ်လွန်းလို့ရူးနေတဲ့အရူးကြီး"

"ခစ်ခစ်"

တစ်ခစ်ခစ်နဲ့ရီနေတဲ့ကုကီးလေးကိုချီလာကာအခန်းထဲခေါ်လာလိုက်ပါတော့သည်။

🐰 Baby Kookie 🐰[아기 쿠키] (ရပ်နား!!!)Where stories live. Discover now