60 SEC Part -2

1.7K 155 2
                                    

ဟောဟဲ..ဟောဟဲ....

Chan Yeol တစ်ယောက် Baek နောက်ကိုလိုက်ရလွန်းလို့ ဖတ်ဖတ်မောနေလေသည်....

ခဏလောက်ပြေးတာကို ရပ်လိုက်ပြီး Baek ကို မျက်လုံးများဖြင့် 360° လှည့်လည် ရှာဖွေနေသည်....

Baek တစ်ယောက်သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်....

ChanYeol ရင်ထဲတွင် တဖြည်းဖြည်း စိတ်ပူကာ..ချွေးများဖြင့်ဆို့နေလေသည်.... စိတ်ထဲတွင်လည်း အော်ငိုချင်မိသည်.... တဆတ်ဆတ်တုန်နေသည်....

Baek ကို မဆုံးရှုံးချင်ဘူးလေ....

ပြီးမှ Chan Yeol တစ်ယောက် Baek က သူ့ကို စတာနေမှာပါ ဆိုပြီး အားတင်းကာ Baek ကို ဆက်ရှာနေလေသည်...

Chan Yeol ah !! PARK CHAN YEOL !!!!!!

Chan Yeol ကြောင်သွားသည်... အသံကြားရာဘက်ကိုလှည့်ကြည့်လိုက်မိသည်....မည်သူမျှမရှိ...

Baek အသံ.... ဒီအသံက.... Baek Hyun အော်လိုက်တဲ့အသံ.....ကြောက်လန့်မှုများစွာနဲ့ပြည့်နှက်နေတဲ့အသံ....

Baek Hyun ah !!!! BYUN BAEK HYUN !!!

Chan Yeol ပြန်အော်လိုက်၍.... အသံကြားရာဘက်သို့ ပြေးသွားသည်....

ChanYeol's POV : Baek ဘာမှမဖြစ်ပါစေနဲ့..ဘာ...မှမဖြစ်..ပါစေနဲ့.... ဘုရားသခင်...ကျေးဇူးပြုပြီး Baek ကို...ကယ်..တင်...ပေး..ပါ....

စိတ်ထဲတွင် ဆုတောင်းနေတာတောင် အသံတုန်တုန်ယင်ယင် ဖြစ်နေတဲ့ Chan Yeol....

လိုက်ရှာသည်....

ထပ်လိုက်ရှာသည်...

ဒီနေရာ...

ဟိုနားလေး....

ဟိုဘက်ခြမ်း....

ဒီဘေးနား

ဟိုနေရာ

ဟင် ?? ဒီနေရာပြန်ရောက်လာပြန်ပြီ....

Chan Yeol အဲ့ဒီ ပတ်ဝန်းကျင်တွင် မည်မျှပင်လိုက်ရှာနေသော်လည်း Baek ကို မတွေ့သေး...

Chan Yeol အလွန်မောလာသည်.... မောလွန်းသောကြောင့် သစ်ပင်အောက်တွင် ထိုင်ရန်ပြုစဉ်......

   သစ်ပင်အနောက်မှ ကောင်မလေးတစ်ယောက် ၏ ငိုသံသဲ့သဲ့ကို  ကြားလိုက်ရသည်....

~ 60 Sec ~ (ChanBaek 1Shot)Where stories live. Discover now