"Baekhyun....Byun Baek Hyun...!"
ဒီအသံ....
Baek Hyun တစ်ယောက် လူတွေအများကြီး သွားလာလှုပ်ရှားနေတဲ့ကြားထဲကမှ တစ်ယောက်ယောက် က သူ့ရဲ့နာမည်ကို အော်ပြီး ခေါ်သံ ကို ကြားမိသလိုပဲ...
သူမမျှော်လင့်ထားတဲ့သူဖြစ်မလားဆိုပြီး....
အသံကြားရာဘက်သို့လှည့်ကြည့်လိုက်မိတယ်...
သူမရဲ့ မြင်ကွင်းထဲမှာတော့ လက်မှတ်ဖြတ်နေကြတဲ့သူတွေ..Luggage တွေ ကိုယ်စီနဲ့ လှုပ်ရှား သွားလာနေကြတာတွေ.. Bus ကို ထိုင်စောင့် နေတဲ့သူတွေ....
နားကြားလွဲသွားတာဖြစ်မှာပါ.... လို့ Baek Hyun ထင်လိုက်သည်...
"အော်...လောကကြီးကတော်တော်မတရားပါလား?.."
Baek Hyun ဝမ်းနည်းလာမိသည်....အော်ငိုချင်လာမိသည်.... သို့သော် စိတ်ကို အတင်းအဓမ္မစုစည်းပြီး ပြန်ချူပ်ထိန်းကာ.. ကြိုးစား၍ ဖြေသိမ့်နေရသည်....
"Byun Baek Hyun.. မငိုရဘူး..နင်မငိုရဘူး.. နင်က စိတ်မာတယ်လေ... Andwae Byun Baek Hyun "
Baek Hyun တစ်ယောက် လေးလံတဲ့ ခြေထောက်များကို မနည်းမ၍ လမ်းလျှောက်နေရသည်... ဖြစ်နိုင်လျှင် အချိန်တွေကို ဒီမှာတင် ထာဝရ ကုန်ဆုံးချင်မိသည်.....
Bus No.5 ကတော့ သူမအတွက် Hell သို့ ပို့ဆောင်ပေးမယ့် ကားတစ်စီးဟုသာ ထင်ပါသည်....
ကားပေါ်ရောက်သည်နှင့် နေရာအမြန်ရှာကာ ထိုင်လိုက်သည်....
ကားဆရာက စက်ရပ်ထားရာမှ နှိုးလိုက်သည်.... ကားပေါ်က ဝန်ထမ်းလေးကလည်း Information တွေ Safety တွေ အကြောင်းပြောနေသည်...
Baek ခေါင်းထဲဘာမှမဝင်.... လုံးဝ....
ဘာတွေပြောနေမှန်းလည်းမသိ...ဘာတွေရှင်းပြနေတာလဲမသိ..
ကားဘီးက တဖြည်းဖြည်း လှိမ့်လာသည်...
Baek Hyun စိတ်ပိုင်းချကာ အိပ်၍လိုက်မည်ဟုသာ ဆုံးဖြတ်လိုက်သည်....
ပါးပြင်ထက်တွင် အချစ်အတွက် ခံစားမှုကြောင့် ကျလာရတဲ့ မျက်ရည်လေးတွေကိုတော့ Baek Hyun မသိလိုက်ရ...
=================================
Chan Yeol တစ်ယောက် အဝေးပြေးဂိတ်ကိုရောက်တော့ မနည်းပြေးလာရတဲ့ ဒဏ်ကြောင့် အရမ်းမောပန်းနေသည်... လေကိုပင် မနည်းရှူနေရသည်.....