-8-

24.2K 2.2K 11
                                    

Unicode


ဘဝအစိတ်အပိုင်းတစ်ခုမှာသူငယ်ချင်းတစ်ယောက်တိုးလာတာကြီးကြီးကျယ်ကျယ်ပျော်ရွှင်ဖို့လိုသလား?

အင်း .. ။

အိပ်မက်ဝိုင်ကိုအဲ့မေးခွန်းလာမေးခဲ့ရင်တော့ 'သေချာပေါက်လိုတယ်'လို့ပြန်ဖြေရပါလိမ့်မယ် ။




"ဟိုဘက်တိုး"

ကျောင်းရောက်ရောက်ချင်းစားပွဲပေါ်ကိုရောက်လာတဲ့ hot chocolate တစ်ခွက်နဲ့အတူ တစ်ဆက်တည်းကြားရတဲ့အသံခပ်နက်နက် ။ သေချာပေါက်ဒီအသံက ကမ္ဘာနက်ရဲ့အသံဖြစ်မှန်း အိပ်မက်ဝိုင်အလွတ်မှတ်မိနေခဲ့ပြီဖြစ်တယ် ။

ပုံမှန်ဆို လွယ်အိတ်သာတင်ထားလေ့ရှိတယ့်ဘေးထိုင်ခုံက အခုတော့ဖြင့် လူတစ်ယောက်ထိုင်စရာနေရာဖြစ်သွားခဲ့ပြီ ။

တစ်ကြိမ်နှစ်ကြိမ်သာရဖူးသေးတဲ့ယောကျ်ားဆန်တဲ့ alpha pheromone ကသူ့နှာခေါင်းထဲတိုးဝင်လာတော့ အိပ်မက်ဝိုင်ကျင့်သားမရစွာအသက်အောင့်မိသွားတယ် ။

"ဘာလို့လဲ"

"Sharp woody အနံ့?"

ကမ္ဘာနက်ကသူခန့်မှန်းတာမှန်ကြောင်းမျက်လုံးတစ်ချက်ပင့်ပြတယ် ။ အခုမှသေချာကြည့်မိတယ် ။ ဒီကောင် ဒီနေ့ပဲတွေများထားပါလား ။ ပုံမှန်ခပ်ကြမ်းကြမ်းဝဲကျနေတဲ့ရှေ့ဆံပင်တွေက ဒီနေ့မှာတော့ဂျယ်နဲ့သေချာဖိသိမ်းထားခြင်းခံရပြီး ဘယ်ဘက်နားမှာလဲ cross ပုံနားကပ်အကပ်တစ်ဖက်ကိုပါဝတ်လာတာတွေ့ရတယ် ။ ပြီးတော့သူ့ထုံးစံမပြတ် long coat ခပ်ပါးပါးတစ်ထည်ရယ် ၊ style pants နက်ပြာရယ်တွဲဝတ်လာတဲ့ပုံက တကယ်ကြီးကိုချောမောလွန်းပါတယ် ။

"တော်တော့"

".........."

"ငါပြောနေတယ် တော်တော့လို့"

".........."

"ကမ္ဘာနက်!!"

"ဟားဟား"

သူ့ကိုစနောက်ရင်းပျော်ရွှင်နေတဲ့ကမ္ဘာနက်က နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်မောပစ်လာတာကြောင့် ဘယ်ဘက်ပါးပြင်မှာရှိနေတဲ့ပါးချိုင့်နက်နက်ကထင်ထင်ရှားရှားပေါ်လာခဲ့တယ် ။

XL (Completed)Where stories live. Discover now