✨2✨

14.5K 1.5K 101
                                    

Happy Taekook 7th Year anniversary
23.11.2021♡


(Unicode)

"ဒီနေ့ chemical project လုပ်ရမှာ အငယ်တန်းတွေနဲ့ ပေါင်းရလိမ့်မယ် အဲ့တော့..."

ထယ်ယောင်းစကားမဆုံးသေး အတန်းထဲက သူတွေအကုန် ဝမ်းသာအားရနဲ့ အချင်းချင်း ပွစိပွစိပြောကုန်သည်။

ထယ်ယောင်းအပြစ်မဆိုသာပါ။ ကိုယ့်အတန်းသူ၊ အတန်းသား အချင်းချင်းကျတော့ ဘယ်လောက်ချောချော ရိုးအီနေကြပြီး တခြားအတန်းက သူတွေ ချောတာကိုပဲ စိတ်ဝင်စားကြတော့တာ ကျောင်းသားသဘာဝပဲလေ။

"ခဏလောက် ငြိမ်ပေးကြပါဦး"

ထယ်ယောင်းက စားပွဲကို လက်နဲ့ အသံထွက်ရုံလေး အသာထုလိုက်မှ အတန်းသားတွေက ‌နှုတ်ပိတ်ကာ ထယ်ယောင်းကို ပြန်ကြည့်လာကြသည်။ အားလုံးဆီက အာရုံစိုက်မှုကို ပြန်ရမှ ထယ်ယောင်း စကားပြန်ဆက်လိုက်သည်။

"အဲ့တော့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ ငါတို့ စတုတ္ထနှစ် အတန်းတွေ အကုန်ပေါင်းပြီး အဖွဲ့ကိုယ်စီခွဲမယ် ပြီးရင် chemical project လုပ်ရမယ်၊ ဖိုင်နယ်စာမေးပွဲအတွက် အမှတ် 10% ယူမှာမို့လို့ မပေါ့ကြပါနဲ့"

"ခဏ ထယ်ယောင်း၊ ငါမေးမလို့"

ကျောင်းသားတစ်ယောက်က လက်ထောင်ရင်း ပြောတော့ ထယ်ယောင်းလည်း အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြသည်။ မေးပေါ့လေ။ အဲ့တော့မှ ထိုကျောင်းသားက စပ်ဖြဲဖြဲလုပ်လာပြီး

"တခြားမေဂျာတွေရော ပါလားဟင်"

"မပါပါဘူး Civil တွေပဲ"

ထယ်ယောင်းပြန်ဖြေတော့ ‌ထိုတစ်ယောက်မှာ စိတ်ပျက်သွားဟန်နဲ့

"သွားပါပြီကွာ၊ ငါ့ crush လေးက EP (electrical power) ကဆိုတော့ project အတူတူ မလုပ်ရတော့ဘူးပေါ့"

ထိုတစ်ယောက်ကြောင့် စာသင်ခန်းလေးမှာ ရယ်မောသံများ လှိုင်ထွက်လာတော့သည်။ ထယ်ယောင်းသည်လည်း ခပ်ဟဟလေး လိုက်ရယ်ရင်း

"ဒါဆို အားလုံး အိမ်မပြန်ခင် lobby က board ကို သွားကြည့်ပေးကြပါ၊ အဖွဲ့ ၁ ကနေ ၁၀ အထိ နာမည်စာရင်းတွေနဲ့ ကပ်ထားပါတယ်"

"အိုခေ"

"ကြည့်လိုက်မယ် ဆရာထယ်ယောင်း"

Light [Completed]Where stories live. Discover now