✨30✨

10.7K 1.1K 55
                                    

(Unicode)

"စီနီယာ"

Site ဆင်းနေတုန်း ဟီဂျွန်း၏ ခေါ်သံကြောင့် ထယ်ယောင်း လှည့်ကြည့်မိသည်။ ထယ်ယောင်းလှည့်လာတာနဲ့ ဟီဂျွန်းက သူ့လက်ထဲက ရေဘူးလေးကို လှမ်းပေးလိုက်သည်။

"ကျေးဇူးပါပဲ"

ထယ်ယောင်းက အပြုံးလေးနဲ့ တုန့်ပြန်ကာ ‌ကမ်းပေးသော ရေဘူးကို ယူလိုက်ပြီး တစ်ငုံမော့သောက်လိုက်သည်။

"ဒါနဲ့လေ အခု ကုမ္ပဏီတစ်ခုလုံး ပြန့်နေတဲ့ သတင်းက တကယ်ပဲလား"

ဟီဂျွန်း ဘာကိုဆိုလိုချင်လဲဆိုတာ ထယ်ယောင်းသိလိုက်ပါပြီ။ အခုဆို ကုမ္ပဏီတစ်ခုလုံး သူနဲ့ ဂျောင်ဂု တွဲနေပါတယ်ဆိုတဲ့ သတင်းက ပြန့်နေတာ မဟုတ်လား။ ငြင်းနေလည်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်နေသည်မို့ ထယ်ယောင်း ခေါင်းသာငြိမ့်ပြလိုက်ရသည်။

"အာ...ဒါကြောင့် သူဌေးက ကျွန်တော့်ကို အမြင်မကြည်ဖြစ်နေတာကို၊ ကျွန်တော်က စီနီယာကို အရမ်းကပ်လွန်းလို့ဖြစ်မယ်"

"ဟင်..ဘာကို"

နားမလည်ဟန် ဖြစ်နေသော ထယ်ယောင်းကို ကြည့်ပြီး ဟီဂျွန်း ခပ်ဟဟရယ်မိသည်။

"ကျွန်တော်က ကျောင်းတက်ကတည်းက စီနီယာ့ကို အရမ်းလေးစားပြီး ခင်ချင်ခဲ့လို့ ရိုးရိုးသားသား ချဉ်းကပ်ခဲ့တာပါ၊ ဒါပေမဲ့ သူဌေးက တစ်မျိုးထင်နေပုံပဲ၊ ကျွန်တော်နဲ့ အစ်ကို့ကို သဝန်တိုနေတာလေ"

ဟီဂျွန်းစကားအဆုံး ထယ်ယောင်းရှက်ပြုံးလေး ပြုံးမိသည်။ ဒီအကြောင်းတွေ ထယ်‌ယောင်းလည်း ရိပ်မိပါသည်။ မသိချင်ယောင်ဆောင်ခဲ့ရုံသာ။

"အဲ့အတွက် ဂျောင်ဂုအစား ငါတောင်းပန်ပါတယ်နော်"

"ဟားဟား၊ မလိုပါဘူး၊ သူက စီနီယာ့ကို တကယ်ချစ်မှန်းသိရတော့ ဝမ်းသာပါတယ်၊ စီနီယာနဲ့ သူဌေးက တကယ်လည်း လိုက်ဖက်ကြတာ"

ထိုစကားကြောင့် ထယ်ယောင်းမှာ ဟန်တောင်မဆောင်နိုင်ဘဲ သွားတန်းလေးတွေ ပေါ်သည်အထိပြုံးမိသည်။ ပြီးမှ မျက်နှာလေး အနည်းငယ်ပြန်တည်သွားကာ

"ဒါနဲ့ စိတ်မပျက်ဘူးလား၊ ခုနက မင်းပြောတာ ငါ့ကို လေးစားခဲ့တယ်ဆို၊ အခု ယောက်ျားတစ်ယောက်နဲ့ တွဲနေတာ သိရတော့ရော ဘယ်လိုထင်လဲ"

Light [Completed]Where stories live. Discover now