part 1

24.5K 1K 42
                                    

မနက်စောစော မိုက်ခ် တစ်ယောက်မိဘတွေ
တွက်မနက်စာပြင်နေသည်။ သူခုဆိုဆေးရုံ
ကဆင်းလာသည်မှာ ၂ပတ်ခန့်ရှိပြီးဖြစ်သည်။

"သား...မနက်စာပြင်နေတာလား"

"ဟုတ်..မေမေ လာထိုင်"

ဒေါ်မြရတနာ ကတော့ သားဖြစ်သူခုလို
အတိတ်မေ့သွားတာဘဲဝမ်းသာရမလားဝမ်း
နည်းရမလားဖြစ်နေသည်။အရင်ကဆို သားကအိမ်မကပ်လိုက်သွားနေတာ ခုများကျတော့အိမ်မှူကိစ္စနိုင်နင်းပုံများ အိမ်ထောင်ရှင်မလေးတိုင်းမို့ သူမ ​ကျေနပ်သည်။

"မေမေ စားလေ မကြိုက်လို့လား"

"မဟုတ်ပါဘူး ဒါနဲ့သား မနက်ဖြန်ကျရင်
တေဇောရာဇာ ပြန်လာမယ် အဲ့ဒါ..."

"သူကဘယ်သူလဲ မေမေ"

" သားနဲ့ပေးဟားဖို့လုပ်တဲ့လူလေ သူနိုင်ငံ
ခြားကိုအလုပ်ကိစ္စသွားနေတာ မနက်ဖြန်ရောက်ပြီး သားသဘောမကျရင်မေမေ လက်ထပ်ဖို့
ဖျက်ပေးမယ်လေ"

သူစဉ်းစားမိတာ ယောကူးဘဝတုန်ကလိုထပ်
ဖြစ်မှာကြောက်မိသည်။

"သား...သားလေ့လာချင်သေးတယ် "

"သားသဘောပါ မနက်ဖြန် ထမင်းစားဖိတ်လိုက်
မယ် "

"ဟုတ် မေမေ"

စားသောက်ပြီးတာနဲ့အစေခံတွေကပန်းကန်
တွေဝိုင်းသိမ်းပေးသည်။

တစ်ဖက်က ​တေဇောရာကတော့ အိမ်က
ယောကျာ်းပေးစားမယ်ဆိုတာကြောင့်ငြင်းပေ
မယ့် ငြင်းမရတာကြောင့်လက်ခံလိုက်သည်။
ဒါပေမယ့် တစ်ဖက်က လူက သူ့ကိုမယူချင်လို့
အိမ်ကထွက်ပြေးသွားသည်တဲ့ ။ဒါကိုကြားကြား
ချင်းအရမ်းဒေါသထွက်ပြီးနိုင်ငံခြားသွားခဲ့တယ်။
ခုတော့ထိုကောင်လေးကအိမ်ပြန်ရောက်နေတာကြောင့် တေဇောရဲ့မိဘတွေက တေဇောကို
ပြန်ခေါ်နေသည်။

*ငါ့လိုလူမျိုးကိုငြင်းရဲတဲ့မင်းသတ္တိကိုလေးစား
တယ်*

တေဇောရာဇာဟာ စီးပွားရေးမှာရော အမှောင်
ဘက်မှာမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေသူ
ဖြစ်သည်။ သူ့ကုတင်ပေါ်တက်ချင်သည့်အချော
လှ တွေများရိုက်သတ်လို့မကုန်၊ဒါပေမယ့်
တေဇောကတော့ ထိုလူတွေကို ဖုတ်နေတဲ့ငပိ
ရှိတယ်လို့တောင်မထင်ခဲ့ပေ။ ဒီလို ချေမိုး နေတာကိုက ပျိုမေတွေသူ့အားသဘောကျတဲ့အ
ချက်ပင်။တေဇောမြန်မာနိုင်ငံပြန်ရောက်တော့
အရင်ဦးဆုံး သူ့အားငြင်းသည့် မိုက်ခ် ဆို
တဲ့ကောင်လေးအား တွေ့ချင်သည်။

အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)Where stories live. Discover now