part 4

10.3K 662 43
                                    

စည်းဝေးပြီးလို့ အပြင်ထွက်တော့ အေမီက
စကားစလာသည်။

"တေဇော မ နဲ့အတူနေ့လည်စာလိုက်စား
ပါလား"

"Sorryဘဲ ငါကအသန့်ကြိုက်တယ် အပြင်စာ
မစားဘူး "

"အဟင်း မင်းသတင်းတွေမကြားပါတယ်
ကောင်လေးတစ်ယောက်နဲ့တွဲနေတယ်ဆို"

"ဟက် လိုက်စုံစမ်းနေတယ်လုပ်လိုက် ငါ့ဘာ
သာငါဘယ်သူနဲ့တွဲတွဲ မင်းအလုပ်လား"

ထိုချိန် ထမင်းချိုင့်ခြင်းလင်းဆွဲကာဝင်လာသည့်
အမောပြေလေးအား တေဇောတွေ့သွားတာ
ကြောင့်ခြေလှမ်းကျဲကြီးနဲ့အနားကိုသွားလိုက်
သည်၊

"ချစ်... ပေးပေး ကိုယ်ကိုင်ပေးမယ် "

"ကိုကို စောင့်နေတာကြာပြီးလား"

"မကြာပါဘူး ခုဘဲစည်းဝေးပြီးတာ"

ထိုချိန် အေမီရောက်လာကာ

" တေဇော သူလေးကဘယ်သူလဲ မ နဲ့မိတ်
ဆက်ပေးလေ "

(A/N ဘာမလဲ ဖလမ လား)

" ငါကCEO လေးလေးစားစာဆက်ဆံပါ
ရင်းနှီးသလိုလာမလုပ်နဲ့ "

"အဟင်း..ချေလိုက်တာ ဒါနဲ့ဒီကမောင်လေး
အမက အေမီပါ တွေ့ရတာဝမ်းသာပါတယ် "

"အာ..ဟုတ်ကဲ့ ကျတော်က ချစ်နေ့စွဲပါ
တေဇောရာဇာရဲ့သက်ဆိုင်သူ"

နေ့စွဲရဲ့မိတ်ဆက်ပေးမှူကြောင့်တေဇောက
ပြုံးဖြီးနေပြီး အေမီကတော့ မျက်နှာတစ်ချက်
ပျက်သွားသည်။

"အာ..ဟုတ်လား ထမင်းလာပို့တာလား အမ
က တေဇောကိုထမင်းသွားစားဖို့ခေါ်နေတာ
မောင်လေးလဲတူတူလိုက်သားပါလ"

"ကိုကိုက ကျတော်ချက်တာဘဲစားတယ်
ဒါပေမယ့် အမကိုအားနာလို့လိုက်ခဲ့ပါ့မယ် "

အေမီဒေါသထွက်ပေမယ့်အပြုံးလေးနဲ့သာ
ခေါင်းညိမ့်လိုက်သည်။သူတို့သုံးယောက်
ကုမ္ပဏီနားကစားသောက်ဆိုင်ကိုထွက်ခဲ့
ကြသည်။ဟိုရောက်တော့စားစရာတွေမှာပြီး
စားနေစဉ် အေမီက

"မ ကတေဇောအကြိုက် မှာထားပေးတယ်
ဒါလေးစား"

နေ့စွဲက အေမီကိုမျက်လုံးလှန်ကြည့်လိုက်သည်။

အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)Where stories live. Discover now