|2|

1.5K 182 0
                                    

အစ်ကို့ရဲ့ချိုင်းထောက်လေး~2

''ဆူရှီ ဝယ်လာတယ်စားတော့မလား။''

''ပြီးမှစားမယ်။''

ဆိုဖာပေါ်ထိုင်နေတဲ့ရှောင်းကျန့်အနားကိုမေလီကဝင်ထိုင်လာတယ်။

''အမြန်လက်ထပ်ချင်ပြီ။''

မှီလာတဲ့မေလီ့ခေါင်းလေးကို
ရှောင်းကျန့် ပွတ်သပ်ပေးနေလိုက်တယ်။

''ကိုယ်ကြိုးစားနေပါတယ်။''

''ဒီတိုင်းငါတို့ဘဲ လက်ထပ်ကြရင်ရော။''

''ကိုယ်မလုပ်နိုင်ဘူး။''

''ကျန့်ကျန့်က အမြဲသတ္တိကြောင်တယ်။''

''ဟုတ်တယ်ကိုယ်က အဲ့ဒီလိုလူဘဲ။''

မတောင်းပန်တဲ့အပြင်ခံပြောနေတဲ့ရှောင်းကျန့်ကြောင့် မေလီစိတ်ဆိုးပြီးထပြန်သွားလေ
တယ်။

တကယ်ဆိုသူလည်းကြိုးစားနေပါတယ်။ဒါပေမယ့် ဖိအားပေးခံရသလိုဘဲ။တခါတလေတော့လည်းအရွဲ့တိုက်ပစ်ချင်မိတယ်။

~Bell~

ငိုင်နေရင်းကြားရတဲ့ Bellသံကြောင့်ရှောင်းကျန့်ထ ဖွင့်လိုက်တော့

''ရိပေါ်။''

''အာ အစ်ကို့ကောင်မလေး ငိုပြီးထွက်သွားလို့ အစ်ကိုအဆင်ပြေလားလာမေးတာ။''

တကယ်ဆို ဝမ်ရိပေါ် ရှောင်းကျန့် ရည်းစားကိုစိတ်မဝင်စားဘူး။
မျက်နှာလေးတွေ့ချင်လို့အကြောင်းပြတာပင်။

''အဆင်ပြေပါတယ် စိတ်ဆိုးသွားရုံပါ။''

''အထဲခဏဝင်မယ်။''
ပြောရင်းဝမ်ရိပေါ်က သူ့အိမ်သူ့ရာလိုဝင်သွားတယ်။

''အစ်ကိုက ဆူရှီကြိုက်တာလား။''
ဝမ်ရိပေါ်က စားပွဲပေါ်က မေလီဝယ်လာတာတွေကိုလှန်လှောနေတယ်။

''အင်းဟုတ်တယ်။''

''အစ်ကို့ကောင်မလေးစိတ်ဆိုးသွားတော့ အစ်ကို နေ့လယ်စာ
ဘာစားမလဲ။''

''ဟမ် ရပါတယ် အစ်ကိုမှာမနေ့က ဝယ်ထားတဲ့ ခေါက်ဆွဲခြောက်တွေကျန်သေးတယ်။''

''မနေ့က ဘယ်သွားကြတာလဲ ကျွန်တော်မေးလို့ဖြစ်ရဲ့
လား။''

တရားခံစစ်သလို မျက်နှာပေါက်မျိုးနဲ့မေးနေတာကို ရှောင်းကျန့် ကဘယ်လိုငြင်းပယ်ရမလဲ။

အစ်ကို့ရဲ့ချိုင်းထောက်လေး (Completed)Where stories live. Discover now