|4|

1.4K 174 2
                                    

အစ်ကို့ရဲ့ ချိုင်းထောက်လေး~4

ညစာခေါက်ဆွဲပြုတ်စားပြီးတဲ့နောက်မှာ အာစွတ်ရုံတင်သောက်ကြမယ်ဆိုတဲ့ နှစ်ယောက်ဟာ ရေချိန်ကိုက်လာကြတယ်။

''ရိပေါ် မင်းက Gayလား။''

အသိစိတ်မကပ်တော့တဲ့ ရှောင်းကျန့်က ပြောချင်ရာပြောတော့တယ်။

''အစ်ကိုက ဘယ်လိုထင်လို့လဲ။''

''မသိဘူးလေ။''

''ယောက်ျားတစ်ယောက်ကို အရမ်းချစ်မိနေတဲ့လူကိုရော Gayလို့ သတ်မှတ်လား။''

''ဒါပေါ့။''

''အဲ့တာဆို ကျွန်တော်က Gay ပေါ့။''

''ဟမ် ''

''ဟုတ်တယ်လေ ဒါနဲ့
အစ်ကိုအဖြစ်ချင်ဆုံး ဆန္ဒ ရှိလား။''

''၂ခု ၂ခုရှိတယ်။တစ်ခုက ငါ့ခြေထောက်ပြန်ကောင်းလာဖို့နဲ့ ကျန်တစ်ခုက အရင်လို ခရီးတွေပြန်ထွက်ဖို့။''

မျက်ရည်တွေအိုင်နေတဲ့ အစ်ကို့
မျက်ဝန်းလေးတွေက ဝမ်ရိပေါ်ကို
ဖြည့်ဆည်းပေးချင်စိတ်တွေပေါ်လာစေတယ်။

''မင်းသိလား။''

''ကျွန်တော်မသိဘူး''

''ငါဘာမှမပြောရသေးဘူးလေ။''

ရီဝေဝေ ငေးကြည့်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ခပ်စွာစွာလေးဟောက်လာတယ်။ဝရန်တာမှာလေတဖြူးဖြူးနဲ့ ထိုင်နေကြတဲ့ နှစ်ယောက် သောက်နေကြတဲ့အရှိန်ကြောင့် ရဲတွတ်နေကြတယ်။

''ဟုတ်ပါပြီ။''

''ငါ ကုသမှုခံရတာကိုမကြိုက်ဘူး။အရမ်းမုန်းတယ်။''

''အစ်ကိုမလုပ်ချင်ရင် ဆက်မလုပ်နဲ့တော့လေ။''

အနည်းငယ်အမူးပြေလာပြီဖြစ်တဲ့
ဝမ်ရိပေါ်က ရှောင်းကျန့်ထိုင်နေတဲ့ ခုံခြေရင်းမှာ ဆင်းထိုင်လာတယ်။

''မဟုတ်ဘူး ငါလုပ်ရမယ်။ငါခြေထောက်တွေပြန်မကောင်းရင် မေလီ့ကိုငါဆုံးရှုံးရလိမ့်မယ်။''

''အစ်ကို သူ့ကိုအရမ်းချစ်တာဘဲလား။''

''ငါသိတာ သူငါ့အပေါ်အရမ်းကောင်းတယ်ဆိုတာဘဲ။ငါ့ဘက်က သူ့ကိုတစ်ခုခုတော့ပြန်ပေးရမယ်မဟုတ်လား။''

အစ်ကို့ရဲ့ချိုင်းထောက်လေး (Completed)Where stories live. Discover now