အပိုင်း၁၀(သကြားပါသောကော်ဖီ)/(သၾကားပါေသာေကာ္ဖီ)

16.6K 1.6K 17
                                        

Unicode:

ဇေးဗီးယားက ဒိုက်ထိုး အခါ ၂၀၀ နဲ့အိပ်ထမတင် အခါ ၁၀၀ ကျော်ကို လုပ်နေခဲ့တာဖြစ်သည်။ မီးပျက်သွားတော့လည်း လေ့ကျင့်ခန်းကို သူမရပ်ပစ်ခဲ့။ တစ်နေ့တာရဲ့တာဝန်မပြီးမချင်း သူက မထနိုင်ဘူးဖြစ်သည်။ ပြတင်းပေါက်ကနေ အလင်းမှိန်မှိန်လေးဝင်လာပေမယ့် ဖယောင်းတိုင်ကို ရှာမတွေ့နိုင်တာကြောင့် အခန်းပြင်ကို သူထွက်ခဲ့လိုက်သည်။ သူ့အခန်းတံခါးကို ဖွင့်လိုက်ချင်းမှာ ဘေးအခန်းရဲ့ တံခါးကလည်း လွှဲယမ်းသွားတာကို မြင်လိုက်သည်။ ဦးလေးရုန်ဆိုသူက ယန်ယွီချွမ်းရဲ့အခန်းထဲကနေ သစ်သားဇလုံတစ်ခုကို ကိုင်ပြီးထွက်လာတာကိုမြင်တော့ သူ့နှလုံးသားထဲ မပျော်မရွှင်ဖြစ်သွားသည်။ ဦးလေးရုန်ဆိုသူက သူ့ကိုတလေးတစား နှုတ်ဆက်လာသည်။ သူလည်း ပြန်ပြုံးပြလိုက်ပြီး မေးလိုက်သည်။

"ယန် အိပ်နေပြီလား"

"မအိပ်သေးပါဘူး"

ဇေးဗီးယားလည်း ဒါကိုခွင့်ပြုချက်ရတယ်လို့ မှတ်ယူလိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ ဝင်သွားတော့သည်။ ဦးလေးရုန်က သူ့ရဲ့ကျောပြင်ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေပြီးနောက် သူ့နောက်ကို လိုက်မလာဘဲ အောက်ထပ်ကိုဆင်းသွားတော့သည်။ ယန်ယွီချွမ်းက ခြင်ထောင် ထော​င်နေခဲ့တာဖြစ်သည်။ အသံတွေကြားတော့ သူက ဦးလေးရုန် တစ်ခုခုမေ့ကျန်ခဲ့လို့ ပြန်လာယူတယ်လို့ ထင်လိုက်သည်။ အနောက်ကိုလှည့်ကြည့်လိုက်တော့ အရပ်ရှည်တဲ့ ထိုလူ့ကိုမြင်မှ ထိုလူက သူ့ဘေးခန်းမှာ ပြောင်းနေပြီဆိုတာကို သတိရတော့သည်။ သူ့မျက်နှာက အေးစက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ အသံတွင်လည်း မယဥ်ကျေးမှုများ ပါဝင်နေလျှက်

"ဗိုလ်ချုပ်၊ ဘာကိစ္စကြောင့်များ ဥာဥ့်နက်ကြီး သူများအခန်းကို ရောက်လာတာပါလဲ"

ထို့နောက် သူ့ခန္ဓာကိုယ်ကို ဇေးဗီးယား မမြင်ရအောင် ခြင်ထောင်ကို ဆွဲလိုက်သည်။ သူ့ရင်ဖက်တွေက အရမ်းဆွဲဆောင်မှုရှိသော်လည်း ဖယောင်းမီးက ခပ်လှမ်းလှမ်းမှာ ရှိနေတာရယ်၊ အခန်းတွင်းမီးရောင်က မှိန်တာရယ်ကြောင့် ဇေးဗီးယားက တစ်ခုခုမူမမှန်တာကို မသိရှိပေ။ ဇေးဗီးယားက နံရံမှာ မှီနေရင်း သူ့ကို ပြုံးဖြဲဖြဲကြီးကြည့်နေကာ

အမွေဥစ္စာ/အေမြဥစၥာ(ဘာသာပြန်)Where stories live. Discover now