Will You Marry Me

541 44 4
                                    

Unicode//

- Will You Marry Me -

ဒီနေ့က အရေးကြီးတဲ့နေ့တစ်​နေ့။

ကျွန်မအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲ။

ကျမအချစ်ရဆုံးသူရဲ့ မင်္ဂလာပွဲဆိုလည်း မမှားဘူး။

...................................................

သဲပုံပေါ်မှာ သဲအိမ်လေးတွေဆောက်ပြီး ကစားနေကြတဲ့တဲ့ ကလေးလေးသုံးယောက်ရှိတယ် ။
သဲအိမ်လေးတစ်လုံး ဆောက်နေတဲ့ ကောင်မလေးကို ကောင်ကလေးကပြောတယ်..

"ယွန်း နင်နဲ့ငါနဲ့ မင်္ဂလာဆောင်တမ်း ကစားကြမယ်လေဟာ..နော်"

ထိုစကားကိုကြားတော့ ဘာကိုမှဂရုစိုက်ဟန်မတူပဲ ဘေးနားမှာကစားနေတဲ့ ကလေးမလေးတစ်ဦးဟာ ၀င်ပြောတယ်။

"ယွန်း နင်ကငါနဲ့ပဲမင်္ဂလာဆောင်ရမှာ နင်သူနဲ့မဆောင်ရဘူး"

"................"

"ဟုတ်တယ်မလား ယွန်း နင်ငါ့ကို လက်ထပ်မယ်မလားဟင်?"

"ဟာ နင်နဲ့ငါ ဘယ်လိုလုပ် လက်ထပ်လို့ရမှာလဲဟ နင်ကမိန်းခလေးလေ.."

ထိုနေ့က သဲပုံပေါ်မှာကစားနေရင်း မျက်စိထဲသဲ၀င်သွားလို့ဆိုပြီး အော်ငိုနေတဲ့ ကလေးမလေးတယောက်ကို တွေ့ပါလိမ့်မယ် ။
ကလေးမလေးငိုတာဟာ မျက်စိထဲသဲ၀င်လို့မဟုတ်ပါဘဲ တစ်ယောက်သောသူရဲ့ ပြောစကားကြောင့် ငိုတယ်ဆိုတာ
ထိုကလေးမလေးက လွဲပြီး ဘယ်သူကသိနိုင်ပါလိမ့်မလဲ။

အတွေးတွေနယ်ချဲ့နေရင်းနဲ့ မှန်ထဲက ကိုယ့်ကိုယ်ကို တချက်ပြန်ကြည့်လိုက်မိတယ်။
ချိတ်ထဘီဆင်စွယ်ရောင်လေးနဲ့ ရင်ဖုံးခါးတင်လက်ရှည်ကို၀တ်ဆင်ထားတဲ့ သူမဟာ အရမ်းကိုကျော့ရှင်းလှပရှိတဲ့ မိန်းမပျိုလေးတစ်ယောက် အရွယ်ထိရောက်အောင် ကြီးပြင်းလာခဲ့ပြီပဲ။

ဟုတ်တယ်။ ယွန်းဟာ ကျက်သရေရှိစွာနဲ့ လှပဖူးပွင့်လာခဲ့သလိုပဲ သူမရဲ့အလှဟာလဲ အရိုင်းဆန်တယ် ။
ထိုအရိုင်းဆန်တဲ့ နှင်းဆီပန်းလေးရဲ့နားမှာ ခိုနားနေတဲ့ လိပ်ပြာတွေလို သူမရဲ့အနားမှာလဲ ၀ိုင်း၀ိုင်းလည်နေခဲ့တဲ့အမျိုသားတွေ မနည်းခဲ့ဘူး။
သို့ပေမဲ့ သူမဟာ တစ်ယောက်သောသူကိုသာကြည့်ပြီး ရှင်သန်နေထိုင်ခဲ့တယ်..။

Boy Love Short Story CollectionWhere stories live. Discover now