အပိုင်း၂

168 22 0
                                    

Unicode

ရှောင်ကျန့်အလုပ်ကိုအချိန်အတော်ကပ်မှရောက်သွားတာကြောင့် အခြားသူ၏sceneနှင့်ပင်အစားထိုးလိုက်ရကာ သူနောက်ကျတာကိုအားနာသောကြောင့်ကော်ဖီနှင့်မုန့်ကား အလောတကြီး မှာကျွေးလိုက်ရသည်။အေးဂျင့်ကုကတော့သူမနေ့ညကရိပေါ်နှင့်မဖော်ပြအပ်သောအရာတွေလုပ်ခဲ့သည်ဟုထင်နေသည်။

ကိုယ်ဖြူစင်တာကိုယ်သာသိ၊ရှောင်ကျန့်နှင့်ရိပေါ်တကယ်ကိုတစ်ကြိမ်မျှမအိပ်ဖူး။အဘယ်ကြောင့်ဆိုသော် နှစ်ယောက်သားကအနည်းငယ်ရှေးရိုးစွဲဆန်ကျပြီးမင်္ဂလာဦးညမှသာ လူပျိုဘဝကိုစွန့်လွှတ်ချင်သည်စိတ်ဆန္ဒရှိကြသည်။အများဆုံး သူတို့ထလာလျှင်တစ်ယောက်နှင့်တစ်ယောက်​ဖက်တွယ်ကာညာလက်ကိုအလုပ်ပေးလိုက်သည်။ဤကဂိတ်ဆုံးပင်။

ယနေ့ရှောင်ကျန့်ရိုက်ရမည်က အနည်းငယ်ပင်ပန်းမည့်sceneဖြစ်သည်။အဘယ်ကြောင့်ဆိုသော တိုက်ခိုက်ရမည့်အခန်းဖြစ်၍။သူတို့ဇာတ်လမ်းသည် ကျင့်ကြံခြင်းလောက ဇာတ်လမ်းဖြစ်ပြီးဇာတ်လမ်းအမည်က ဝူရှန်းတောင်သခင် ဟုအမည်ရသည်။သိသာစွာပင် ထိုဝူရှန်းတောင်သခင်က ရှောင်ကျန့်ဖြစ်သည်။ဝူရှန်းတောင်သခင်၏ဇာတ်လမ်းမှာ  ထူးခြားစွာပဲ အမျိုးသားဇာတ်ဆောင်တစ်ယောက်သာရှိသောဇာတ်လမ်းဖြစ်သည်။သူနှင့်တွဲဖက်မည့်မင်းသမီးမပါပေ။သို့သော်ဒုတိယဇာတ်ဆောင်မင်းသမီးတော့ပါသည်။ဝူရှန်းတောင်သခင်သည် အလွန်ပင်သိမ်မွေ့၊တည်ကြည်ပြီးအေးချမ်းစွာ ဝူရှန်းတောင်ပေါ်၌သာကျင့်ကြံသူဖြစ်သည်။သူ၏ဂုဏ်သတင်းကလည်းမြင့်မားပြီးလူတိုင်းကလည်းရိုသေလေးစားကြသည်။သို့သော် မော်ရှချင် ဆိုသောသူ  မရောက်လာခင်ထိသာ။တစ်နေ့တောင်အောက်ဆင်းကာကိစ္စတစ်ခုသွားရှင်းရင်းဖြင့် ဒဏ်ရာရနေသူကိုကူညီကယ်တင်ရာမှ အဆုံးမရှိသောပြဿနာအတွင်းဝင်သွားတော့သည်။တစ်ချိန်ကဂုဏ်သရေမြင့်မားခဲ့သော ဝူရှန်းတောင်သခင်မှာ လူတိုင်း၏ချဥ်ဖတ်၊လူတိုင်း၏လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရပြီးနေရာအနှံ့ထွက်ပြေးခဲ့ရကာ ဒီလိုဖြစ်သွားရသည့်အကြောင်းအရင်းကိုလိုက်ရှာဖွေသည့်ဇာတ်လမ်းဖြစ်သည်။

The Rule Of The HeartWhere stories live. Discover now