အပိုင်း၅

73 6 2
                                    

Unicode

အေးစိမ့်နေသောပတ်ဝန်းကျင်ကဆောင်းဝင်လာနေပြီဟုပြောနေသလို လူတိုင်းမှာလည်းနွေးနွေးထွေးထွေး စတင်ဝတ်စားလာကြပြီဖြစ်သည်။ဤသို့သော ဆောင်းတွင်းကြီးတွင် တစ်ရက်တာနားရက်ရနေသည့်စုံတွဲကတော့ အိပ်ရာထဲမှာနေမြင့်သည်အထိ မထကြသေးပေ။ရိပေါ်ကသူ့မျက်နှာကိုနေထိုး လာသောကြောင့် မျက်လုံးများကဖျက်ခနဲပွင့်ပြီးနိုးလာခဲ့သည်။ရိပေါ် အသိစိတ်မကပ်သေးသော်လည်း မသိစိတ်အရတစ်ဖက်ကသူ၏အနွေးဓာတ်လေးဖြစ်ရာရှောင်ကျန့်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ပြီးနောက် စောင်ကိုသူတို့နှစ်ယောက်လုံး လုံအောင်ခြုံလိုက်၏။ရှောင်ကျန့်ကမနိုးသေးပါ။ရိပေါ်ကလည်း ပြန်မှေးလိုက်ရင်း အိပ်ပျော်တော့မလိုဖြစ်သွားသည့်အချိန်မှာပဲ ဖုန်းသံကြားလိုက်ရသည်။

"ဟယ်လို အကိုရှုလား ဘာကိစ္စလဲ"

ရိပေါ် တံတောင်နှင့်ကုတင်ပေါ်ကိုထောက်လိုက်ပြီးအသိစိတ်ကပ်ပြီးမျက်လုံးတွေပိုကျယ်အောင်ပွတ်သပ်လိုက်သည်။

"ဘာကိစ္စလဲဆိုတော့ မင်းတို့ မင်္ဂလာဆောင်တိုက်ရိုက်လွှင့်မယ့်ကိစ္စ CEOကဒီနေ့တွေ့ပြီးပြောချင်တယ်တဲ့ ဒီနေ့ကုမ္ပဏီကအကြီးပိုင်းတွေလည်းလာမယ်ပြောတယ်"

"ဘယ်အချိန်တဲ့လဲ"

"နေ့လည်၁၁လောက်လာခဲ့ပေါ့  ရှောင်ကျန့်ကောခေါ်ခဲ့နော် သူ့ကုမ္ပဏီကCEOလည်းလာမယ်ပြောတယ် ပြီးတော့ရိပေါ် မင်းကိုမှာကိုမှာရမယ့်ကိစ္စရှိတယ် မင်းမကျေနပ်ရင်တောင်သည်းခံပြီး မလိုချင်ရင်မလိုချင်တဲ့အကြောင်း အေးအေးသာသာပြော ငါလည်းအတတ်နိုင်ဆုံးဝင်ညှိပေးမယ် မင်းသာကောက်ကာငင်ကာထမပြောနဲ့ ခုမင်းနဲ့တွေ့မှာကလူကြီးတွေ အပြစ်သွားမလုပ်မိစေနဲ့ ဘုနဲ့ဘောက်နဲ့မပြောနဲ့ ဘွင်းဘွင်းရှင်းရှင်းလည်းမပြောနဲ့ ကွက်ကွက်ကွင်းကွင်းလည်းမပြောနဲ့ "

မန်နေဂျာရှုမင်တရားချနေသည်ကိုတစ်ဖက်ကနားထောင်နေရင်း ရိပေါ်သူ၏ခင်ပွန်းလောင်းလေးကို နှာခေါင်းလေးထိလိုက် မျက်နှာလေးသွားတို့လိုက်နှင့် မထိတထိ သွားတို့ထိနေသည်။ရှောင်ကျန့်ကသူမထိတထိလာထိနေတာကြောင့် လူးလွန့်ကာနိုးလာပြီး သူ၏အိပ်ချင်မူးတူးမျက်လုံးများနှင့်ရိပေါ်ကိုကြည့်လာ၏။ပြီးနောက် တစ်ဖက်သို့လှည့်သွားကာ စောင်ကိုခေါင်းမှီးခြုံပစ်လိုက်သည်။

The Rule Of The HeartWhere stories live. Discover now