Fell in love last December

409 47 11
                                    

ဆောင်းဝင်လာပြန်ပြီ။

တိမ်တွေမငိုတော့ဘူး။
ငိုစရာမျက်ရည်ခမ်းပြီထင်ပါရဲ့။

အိမ်ထဲမှာနွေးတယ်မောင်၊
ဒါပေမယ့်တစ်ယောက်တည်းဆိုတော့အထီးကျန်တယ်။

နှာစေးနေပြန်ပြီမောင်။
အပြင်ထွက်ရင်ဂရုတစိုက်သိုးမွေးဦးထုတ်စောင်းပေးမယ့်
မောင်မရှိလို့။

မောင်ပြောခဲ့တာသိပ်မှန်တယ်။
မောင်သာမရှိရင် ငါတစ်ယောက်တည်း
10 စုနှစ်တစ်ခုတောင်ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။

"Soekjin!"

"အော် Hoseok လာလေ အိမ်ထဲဝင်"

ပြတင်းပေါက်မှာမောင့်ဆီစိတ်က‌နေစာတွေရေးနေတုန်း
ဟိုဆော့ကားအိမ်ရှေ့ရောက်လာတာတောင်မတွေ့ဘူး။

jk-"Jin Hyung !"

j-"အော် Jungkook တို့ပါလား၊
Taekookလေးရောမပါဘူးလား"

th-"Hyung တူမက မူကြိုမှာ"

j-"အေး၊ မင်းတို့ပဲလား Yoongi ရော?"

jh-"ကားပေါ်မှာအိပ်နေမှာပေါ့သွားခေါ်လိုက်ဦးမယ်"

Hoseok အိမ်ထဲကခပ်ကုတ်ကုတ်လေး
ထွက်သွားတာကြည့်ပြီး အပြင်မှာအရမ်းအေးနေပြီထင်ပါရဲ့။

နှင်းတွေတဖွဲဖွဲကျနေတာကြောင့်အိပ်မှုန်စုတ်မွားနဲ့
ထလာတဲ့ Yoongi တောင် သူဝတ်ထားတဲ့
coat လေးကို ချွတ်ပြီး Hoseokနဲ့နှစ်ယောက်တူတူခြုံလာကြသည်။

ကြည့်ပါဦးမောင် ငါတို့လည်းအရင်က
အပြင်သွားလို့နှင်းတွေကျရင် မောင့် အနွေထည်ကို
နှစ်ယောက်လုံးခေါင်းပေါ်မှာ ခြုံပြီးနှင်းတောထဲမှာ
အကာအကွယ်အောက်ကိုရောက်အောင်ပြေးနေကျ၊

မောင့်အကြောင်းတွေးနေရင်း
ပါးပြင်ပေါ်ကခပ်နွေးနွေးအရည်အချို့
မျက်ရည်မလို့အမည်မတွင်စေချင်ဘူးမောင်။

Soekjin ပါးပေါ်က ဝင်းလဲ့နေသော
အရည်ကြည်တချို့ကို ခပ်ဖွဖွလေးသုတ်လိုက်သည်။ ခဏကြာတော့ တံခါးဖွင့်ပြီး ဝင်လာတဲ့ Hoseok နဲ့ Yoongi တို့နှစ်ယောက်လုံး မျက်နှာမှာနွေးထွေးကြင်နာမှုအပြည့်နဲ့ ရွှင်လန်းနေကြပြန်သည်။

Fell in love Last December[Complete]✓Where stories live. Discover now